4.2K 663 21
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၀၄"

ဝမ်ယန်တစ်ယောက် သင်္ချိုင်းအုတ်ဂူရှေ့  ငြိမ်သက်စွာ ထိုင်နေလေ၏။

အေးစက်သော မြူမှုန်များက အနည်းငယ် လွင့်စင်သွားပြီး မနက်ခင်း အလင်းရောင်မှာလည်း ဝေလီဝေလင်း။ ဝမ်ယန်သည် သင်္ချိုင်းကျောက်တုံးပေါ်တွင် ရေးထိုးထားသော နာမည်ကို ကြည့်နေရင်း လက်ညိုးဖြင့် ပွတ်သပ်လိုက်သည်။

သူသည် လှုပ်ရှားမှုမရှိ ထိုင်နေပြီး ရံဖန်ရံခါ စကားတစ်ခွန်း နှစ်ခွန်းစ ပြောနေသည်။ မသိလျှင် အမှောင်ထဲမှ တစ်စုံတစ်ယောက်နှင့် စကားစမြည် ပြောနေသလိုပင်။

ကောင်းကင်အလင်းရောင်က ကမ္ဘာကြီးကို ထွန်းလင်းကုန်ပြီး နေမင်းကြီးလည်း တဖြည်းဖြည်း ပြူထွက်လာတော့မှ ဝမ်ယန်က ကိုယ်ကိုလှည့်ကာ အုတ်ဂူရှေ့ ဒူးထောက်ချလိုက်ရင်း ပြောလာသည်။

"မား၊ ကျွန်တော့်ဘဝက အခုအချိန်အထိကို မအေးချမ်းသေးပါဘူး။ ကျွန်တော်အရင်က မားရဲ့ မျက်လုံးထဲမှာ လိမ္မာတဲ့ကလေးလေး ဖြစ်ခဲ့ပေမယ့် မား ထွက်သွားပြီးတော့ ကျွန်တော်လည်း ဆိုးသွမ်းသွားခဲ့တယ်။ လူတချို့ကို ဒုက္ခရောက်စေခဲ့မိပြီး ကျွန်တော်ကိုယ်တိုင်လည်း အများကြီး ပေးဆပ်ခဲ့ရတယ်"

{TN/ အမေနဲ့ မားကလေ စာကြောင်းကိုလိုက်ပြီး တချို့နေရာလည်း အမေ၊ တချို့မှာလည်း မား အဆင်ပြေသလိုလေး ထည့်လိုက်ပါတယ်နော်}

"ဒါပေမယ့် ကံကောင်းတာက အဲ့မုန်တိုင်းတွေက အခုတော့ အဆုံးသတ်သွားခဲ့ပါပြီ"

ဝမ်ယန်က မျက်လုံးကို သုတ်လိုက်ကာ တလေးတနက် ဆိုသည်။

"ကျွန်တော် မားကို ကတိပေးပါတယ်။ အခုချိန်ကစပြီး ကျွန်တော် လူကောင်းလုပ်မယ်၊ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ပြီး၊ ကောင်းကောင်းမွန်မွန် အသက်မွေးဝမ်းကျောင်း ပြုပါ့မယ်လို့။ မား ဘယ်နေရာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမလဲ ကျွန်တော် မသိပေမယ့် တကယ်လို့ ကောင်းကင်ပေါ်ကနေ ကြားနိုင်မယ်ဆို စိတ်ချလို့ ရပါပြီလို့"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now