၁၅

3.7K 672 85
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၁၅"

ဝမ်ယန် ဖက်ထုပ်ပေါင်းနေသည်မှာ တစ်ဝက်ရောက်သော် ဖုန်းမြည်လာသည်။

သူက လင်းနေသော ဖုန်းစခရင်ကို ကြည့်ကာ ဂျုံမှုန့်အပြည့် ပေကျံနေသော လက်ကို တဘတ်ဖြင့် သုတ်လိုက်ပြီး hands-free mood ဖွင့်လိုက်၏။

နားထောင်နေသည်မှာ စကားလေးငါးကြောင်းပင် မရှိသေး၊ သူ့မျက်နှာက ခဏတွင်းချင်း ဖြူဆုတ်သွားပြီး အသက်ရှူ ကျပ်လုနီးပါး ဖြစ်လာ၏။

ထိုပေါင်းအိုးကြီးထဲက ဖက်ထုပ်များကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ရင်တမမနှင့် မတ်တပ်ထကာ ဆိုဖာပေါ်မှ အပေါ်ဝတ်ကို လှမ်းယူလိုက်ရင်း အိမ်ထဲမှ အပြေးတပိုင်း ထွက်ခွာသွားပြီး ကားစီးလျက် အနီးအနားမှ ဆေးရုံတစ်ရုံသို့ သုတ်သီးသုတ်ပျာနှင့် ရောက်ရှိလာသည်။

သူ ဆေးရုံသို့ အပြေးအလွှား ရောက်လာချိန်တွင် ကောင်းကင်ကြီးမှာ လုံးဝကို မည်းမှောင်သွားပြီဖြစ်သည်။

ဝမ်ယန်က အမောတကောနှင့် ဧည့်ကြိုကောင်တာတွင် အထပ်ကို မေးလိုက်ပြီး တစ်စက္ကန့်လေးပင် မနှောင့်နှေးရဲဘဲ ခြေလှမ်းကျယ်ကြီးများဖြင့် အပေါ်ထပ်သို့ ပြေးလွှားတက်သွားသည်။

ခက်ခက်ခဲခဲနှင့် လူနာခန်းနံပါတ်ကို ရှာတွေ့သွားပြီး သူ တံခါးတွန်းဖွင့်ကြည့်လိုက်ရာ လီတာ့က အထဲတွင် လဲလျောင်းနေပြီး ခေါင်းပေါ်တွင် ထူထူထဲထဲ ပိတ်ကျဲများ ရစ်ပတ် ထုပ်ပိုးထားသည်။ ပိတ်ကျဲပေါ်တွင် သွေးများစို့နေသေး​ပြီး အနည်းငယ်တော့ အကြည့်ရဆိုးသည်။ ဝမ်ရွှင်က လီတာ့ရင်ခွင်ထဲ လှဲနေပြီး မျက်နှာလေးထက်က မျက်ရည်စီးကြောင်းက မခြောက်သွေ့သွားသေးဘဲ အလွန်လန့်သွား၍ ကိုယ်လုံးလေးက တသိမ့်သိမ့် တုန်နေသည်။

လီအော့က လီတာ့ကုတင်ဘေး ထိုင်နေကာ ဝမ်ယန် ဝင်လာသည်ကို မြင်တော့ ခေါင်းညိတ်ပြသည်။

ဝမ်ယန်က တံတွေးမျိုချလိုက်ပြီး ကြမ်းရှရှ အသံနှင့်မေးသည်။

"ဘယ်လိုဖြစ်တာလဲ"

လီအော့က လီတာ့ကို တစ်ချက်ကြည့်လိုက်ရင်း သက်ပြင်းချကာ ကိစ္စတစ်ခုလုံးကို ဝမ်ယန်ထံ ကုန်ကုန်စင်စင် ပြောပြလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now