၁၉

3.6K 648 94
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၁၉"

ဝမ်ယန်၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ အနည်းငယ် ကသိကအောက် နိုင်လှသည်။

လီတာ့က အသက်ရှူသွင်းလိုက်ကာ အေးခဲနေသည့် လက်ကို ပွတ်သပ်လိုက်ရင်း ပြောပြလာသည်။

"မင်းတို့ကို လာတွေ့တာပါ"

ဝမ်ယန်က ခေါင်းမော့ကာ တစ်ချက်ကြည့်လာပြီး နှုတ်ခမ်းစေ့ပိတ်ထားရင်း တည်တည်ငြိမ်ငြိမ်နှင့် ပြောလာတော့သည်။

"ခင်ဗျားကို လာတောင် မလာခိုင်းထားတော့ဘူး မဟုတ်လား။ ခင်ဗျား ကျွန်တော့်ကို ထပ်ပြီး မနှောင့်ယှက်သင့်တော့ဘူး။ ကျွန်တော်နဲ့ ဝမ်ရွှင် အရမ်း အဆင်ပြေနေပါတယ်၊ ခင်ဗျား စိတ်ပူစရာ မလိုတော့ပါဘူး"

လီတာ့သည် တံခါးနားမှ မိမိယူလာခဲ့သည့် အိတ်ကြီးလေးငါးအိတ်ကို ကောက်ယူလိုက်သည်။

သူက အိတ်ကိုဖွင့်ပြီး ဝမ်ယန်ထံ လှမ်းပေးလိုက်ရင်း ပြောလာသည်က

"ဒီရက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အေးလာပြီ၊ မင်း အပြင်ထွက်တဲ့အခါ နွေးနွေးထွေးထွေး ရှိဖို့ဂရုစိုက်။ အထဲမှာ ကိုယ်မင်းအတွက် ဝယ်ပေးထားတဲ့ မာဖလာနဲ့ လက်အိတ်၊ ပြီးတော့ ဝမ်ရွှင်အတွက် ဝယ်ပေးထားတဲ့ အမွှေးပွဖိနပ်၊ အိမ်ထဲမှာလည်း ဝတ်ထားလို့ရတယ်။ ဟုတ်သား၊ ငါမင်းနဲ့ ဝမ်ရွှင်အတွက် ထပ်ဝယ်ထားသေး....."

လီတာ့ စကားမဆုံးခင်မှာပဲ ဝမ်ယန်က လက်ဆန့်ထုတ်လာပြီး ပစ္စည်းများကို ပြန်တွန်းပို့လိုက်ပါ၏။

ဝမ်ယန်က လေးလေးနက်နက် ဆိုသည်။

"ပစ္စည်းတွေ၊ ကျွန်တော် လက်မခံနိုင်ဘူး"

လီတာ့က စကားပြောနေသည်ကို ရပ်တန့်လိုက်ပြီး မျက်ဝန်းတစ်စုံက ဝမ်ယန်ထံသို့ စေ့စေ့ စိုက်ကြည့်လာပါသည်။

ဝမ်ယန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပစ္စည်းများကို လီတာ့ကိုယ်ပေါ် ပြန်တွန်းကန်နေရင်း စကားဆိုသည်။

"ချန်းရုန်ကော၊ ခင်ဗျား ကျွန်တော့်အပေါ်မှာ စိတ်စေတနာတွေ အများကြီး စိုက်ထုတ်ပေးဖို့ မလိုပါဘူး။ ကျွန်တော် လက်တွဲဖော်ကို ရှာဖွေရမယ့် ကိစ္စကိုလည်း မစဉ်းစားဖူးဘူး၊ ကျွန်တော် ဝမ်ရွှင်နဲ့ပဲ နေ့ရက်တွေကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားချင်တယ်။ ခင်ဗျားရဲ့ အချိန်တွေကို ဒီမှာ လာဖြုန်းနေမယ့်အစား ခင်ဗျားနံဘေးက တခြားလူတွေကို သေသေချာချာ ကြည့်ကြည့်တာက ပိုကောင်းပါလိမ့်မယ်။ အခြေအနေ ပိုကောင်းတဲ့ ကောင်လေးတွေ အများကြီး ရှိလောက်ပါတယ်၊ သူတို့....."

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now