6K 757 14
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၀၂"

လီတာ့က မျက်လုံးပြူးနေပြီး တုံ့ပြန်လာနိုင်ခြင်း မရှိပေ။

သူက လီအော့ကိုကြည့်ကာ အတော်အတန် လေးလေးနက်နက်နှင့် မေးလိုက်သည်။

"မင်းနဲ့ရန်ကောက ဘာသွားလုပ်ကြမှာလဲ၊ ဘယ်လိုဖြစ်လို့ ငါတောင် မသိရတာလဲ"

လီအော့၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ခဏတွင်းချင်း နီမြန်းသွားသည်။

သူသည် ဆန္ဒစောစွာနှင့် လီတာ့ကို တစ်ချက်ကြည့်လိုက်ကာ အံကြိတ်လျက် ဆိုသည်။

"ကော သိစရာ မလိုပါဘူး။ ကောက ဝမ်ယန်ကို ပြန်လိုက်ပို့ပေးဖို့ တာဝန်ယူရင်ရပြီ"

လီအော့က ကားတံခါးကို ဖွင့်လိုက်ကာ ရန်ကျားလိနှင့် အတူတူ ကားပေါ်က ဆင်းသွားသည်။

ကားတံခါး ပိတ်ပြီးနောက် လီအော့တစ်ယောက် အကျယ်ကြီး ဖွင့်ဟထားသော ကားပြတင်းပေါက်ထဲ ခေါင်းတိုးဝင်လာကာ အံကြိတ်လျက်ဆိုသည်။

"ကော၊ ကြွက်သားတွေပဲ ကြီးပြီး ဦးနှောက်က မကြီးတာမျိုး လုပ်မနေနဲ့ဦးနော်။ စိတ်လေး ဘာလေးလည်း ရှည်ဦး"

လီတာ့မှာ သူ့ကို ခွန်းတုံ့ပြန်ချင်နေသေးသော်လည်း လီအော့က ရန်ကျားလိကိုဆွဲပြီး သုတ်သုတ်ပျာပျာနှင့် ကုမ္ပဏီထဲ ဝင်သွားပေတော့သည်။

ကားထဲတွင် ချက်ချင်းဆိုသလို လီတာ့နှင့် ဝမ်ယန် နှစ်ယောက်သာ ကျန်ရှိခဲ့တော့၏။

လီတာ့က တိတ်တဆိတ်နှင့် ကားမောင်းသူနေရာ ဝင်ထိုင်လိုက်ပြီး အန္တရာယ်ကင်း ခါးပတ်ပတ်လိုက်သော်လည်း ချက်ချင်း မောင်းထွက်မသွားခဲ့ပေ။

သူက ခေါင်းလှည့်လာပြီး အနောက်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်နေသည့် ဝမ်ယန်ထံ ကသိကအောက်နှင့် နှုတ်ခမ်းတွန့်ကာ ပြောဆိုလာသည်။

"သူတို့နှစ်ယောက်က၊ သိုသိုသိပ်သိပ်နဲ့၊ မင်းသူတို့ကို ဂရုမစိုက်နဲ့။ ငါအခု မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now