4.3K 705 50
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၀၆"

ဝမ်ယန်မှာ လီတာ့၏ မေးခွန်းကို ကြားတော့ မျက်ခုံးပင့်သွားသည်။

လီတာ့က ချောင်းတစ်ချက်ဟန့်ကာ

"ရန်ကော၊ လီအော့က သေချာပြီ။ ပြီးတော့ ငါရောပဲ၊ ငါတို့အားလုံး မင်းပြန်လာနိုင်ဖို့ကို အရမ်းမျှော်လင့်နေတာ။ အဖွဲ့ထဲက နေရာကိုလည်း မင်းအတွက် ချန်ပေးထားသေးတယ်။ တကယ်လို့ မင်းသာ ဆန္ဒရှိရင်"

ဝမ်ယန်က ခေါင်းပြန်ငုံ့သွားကာ အရှေ့မှ ကိတ်မုန့်ကိုသာ ကြည့်နေရင်း အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ခေါင်းယမ်းလိုက်စမြဲဖြစ်ကာ

"တော်ပါပြီ"

"ကျွန်တော် အခုအဲ့လောက် လူအများကြီးရဲ့ အကြည့်တွေ အောက်မှာ မနေချင်ဘူး။ ဖိအားလည်း အရမ်းကြီးတယ်၊ အတင်းအဖျင်းတွေလည်း များလွန်းတယ်" ဝမ်ယန်၏ လက်ချောင်းက နွေးထွေးနေသော ခွက်ကို ထိသွားကာ "ကျွန်တော် တခြားအလုပ်ပဲ ရှာလိုက်ပါ့မယ်။ ခင်ဗျားတို့လည်း ပိုကြိုးစားနှင့်ပါ၊ ကျွန်တော် နောက်ကွယ်ကနေ ခင်ဗျားတို့ကို ဆက်ပြီး အားပေးနေမှာပါ"

လီတာ့က အမောဆို့သွားကာ

"ဒါပေမဲ့....."

စကားမဆုံးခင်မှာပဲ ဝမ်ယန်၏ အသေတချာ ရှိနေသော အကြည့်များကို မြင်လိုက်ရတော့ လီတာ့မှာ ရုတ်တရက် မွန်းကျပ်သွားသည်။

အတန်ကြာမှ သူ စိတ်ပျက် အားလျှော့သွားပြီး ပခုံးငိုက်စိုက်ကျသွားကာ

"ဟုတ်ပါပြီ၊ မင်းက ဆုံးဖြတ်ပြီးပြီ ဆိုမှတော့၊ ငါ မတိုက်တွန်းတော့ပါဘူး"

တိတ်တိတ်ဆိတ်ဆိတ်နှင့် ထိုအချိုပွဲကို စားကြပြီးနောက် လီတာ့က ကားမောင်းပြီး ဝမ်ယန်အား သူ့အိမ်အောက်သို့ လိုက်ပို့ပေးလိုက်သည်။

ဝမ်ယန်က ကားပေါ်မှ ဆင်းသွားပြီး ကားတံခါး ပိတ်သည့်အခါ လီတာ့က ရုတ်တရက် ကားပြတင်းကို ချလိုက်ပြီး ကားအပြင်ဘက်တွင် ရပ်နေသော ဝမ်ယန်ထံ တလေးတနက် ပြောလာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now