၁၁

3.4K 622 28
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၁၁"

ဝမ်ယန်သည် ထိုဖုန်းကောလ်ကို လျင်လျင်မြန်မြန် ချပစ်လိုက်၏။

သူသည် လက်ကိုင်ဖုန်းအား နံဘေးဆီ လွှင့်ပစ်လိုက်ကာ ဝိညာဉ်ကို ဆုံးရှုံးသွားသည့်အလား မျက်နှာက ဖြူဖတ်နေပြီး အချိန်အတော်ကြာ အတွေးယာဉ်ကြောထဲ နစ်မွန်းနေတော့သည်။

ဒယ်အိုးထဲတွင် ကြော်ထားသော ထမင်းများက တပေါက်ပေါက်နှင့် မြည်လာမှသာ သူ အသိပြန်ကပ်သွားပြီး ကမန်းကတန်းနှင့် ပန်းကန်ထဲ သွန်ထည့်လိုက်၏။

ထမင်းစားကြသည့် အခါတွင်လည်း ဝမ်ယန်၏ အမူအရာက ပုံမှန် သိပ်မဟုတ်ပေ။ စိတ်အာရုံထဲ တစ်စုံတစ်ခုဖြင့် လေးပင်နေသလိုမျိုး ဝမ်ရွှင်ထံ ဟင်းညှပ်ထည့်ပေးသော အခါတွင်လည်း စားသုံးတူက ဝမ်ရွှင်၏ နှာခေါင်းထဲ ရောက်လုနီးပါးပင်။

လီတာ့ကသူ့ကို ခဏလောက် ကြည့်နေလိုက်ရင်း တိတ်တိတ်ကလေး မျက်မှောင်ကြုတ်မိသည်။

ရန်ကျားလိနှင့် လီအော့တို့ ထမင်းစားကြပြီးနောက် အလွန် အလိုက်သိစွာဖြင့် ဦးစွာနှုတ်ဆက် စွန့်ခွာသွားကြသည်။ လီတာ့က ဝမ်ရွှင်ကို ကိုယ့်ဘာသာကိုယ် သွားကစားနေခိုင်းလိုက်ပြီး လက်ဆေးနေသည့် ဝမ်ယန်အနား တိတ်တိတ်ကလေး တိုးလျှောက်သွားရင်း အမေးချီသည်။

"မင်း ဘာဖြစ်လို့လဲ။ အာရုံက တခြားရောက်နေတာ၊ ဘယ်သူမင်းကို နှောင့်ယှက်နေလို့လဲ"

ဝမ်ယန်က သူ့အသံကြောင့် လန့်တုန်သွားကာ အလျင်စလို ခေါင်းခါပြရင်း

"ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ နည်းနည်း ပင်ပန်းလို့ပါ"

လီတာ့ မျက်မှောင်ကြုတ်ထားသည်မှာ ပိုမိုတင်းကျုံ့လာပြီး သူ့ထံတွင် ကျဥ်းထဲကျပ်ထဲ ကျနေသည့် ကိစ္စတစ်ခုခု ရှိနေလောက်မည်ဟု ခံစားနေရသည်။

သို့သော် သူဘယ်လိုပဲ စောင်းပါးရိပ်ခြည် အမေးဆိုနေသော်လည်း ဝမ်ယန်က ပါးစပ်ဟမလာဘဲ စကားလုံး တစ်ဝက်ပင် ဖွင့်အံထွက်ကျလာခြင်း မရှိသောအခါ လီအော့က ကူကယ်ရာမဲ့သွားပြီး ဆက်မေးနေခြင်းကိုလည်း လက်လွှတ်လိုက်ရတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now