၂၁

3.8K 668 13
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၂၁"

လီတာ့တစ်ယောက် ရုတ်တရက် ကွယ်ပျောက်သွားသည်။

သို့သော် ပျောက်ကွယ်သည်ဟုလည်း ဆိုမရ၊ တစ်ခုသော ညနေအပြီးတွင် ရုတ်တရက် ဝမ်ယန်အိမ်ကို ရောက်မလာတော့တာသာ ဖြစ်သည်။

နောက်တစ်နေ့ ဝမ်ယန် အိမ်ပြန်လာသောအခါ လီတာ့၏ ရှည်လမျှော အရိပ်တစ်ခုကို အိမ်တံခါးဝတွင် မထင်မှတ်ထားစွာ မတွေ့ရတော့ပေ။ အချိန်အတိုင်းအတာ တစ်ခုလောက်တော့ အသားမကျနိုင် ဖြစ်နေပြီး မူမမှန်တာ တစ်ခုခု ရှိလောက်မည်ဟု သူအမြဲ ခံစားနေရသည်။

ထိုနေ့မှ စတင်ပြီး လီတာ့တစ်ယောက် ဘာကြောင့်ရယ်မသိ၊ တကယ်ကြီးကို ထပ်မရောက်လာလေတော့။

ယခင်က လီတာ့မှာ ဝမ်ယန်နေရာကို လဝက်ကျော်လောက် အပြေးရောက်လာခဲ့၍ အိမ်အပေါ်နှင့် အောက်ထပ်မှ လူအားလုံးသည်ပင် ဤထောင်ထောင်မောင်းမောင်း လူကြီးကို သိနေကြပြီ ဖြစ်သည်။ ယခုကဲ့သို့ လူရိပ်က ရုတ်ခြည်း ပျောက်ကွယ်သွားသောအခါ အိမ်အောက်ထပ်မှ ခေါက်ဆွဲခြောက် ဆံပင်နှင့် အဒေါ်ကြီးက တစ်နေ့တွင် ဝမ်ယန်ကို ဆွဲထားပြီး မေးတော့သည်။

"ရှောင်ဝမ်၊ မင်းပြောကြည့်၊ အဲ့ဒီ လီချန်းရုန်က အရင်ကတော့ မင်းဆီအမြဲ လာလာနေပြီး အခုတလောကျ ဘာလို့ မလာရတော့တာလဲ"

ဝမ်ယန်သည် အဒေါ်ကြီး၏ စိတ်အားထက်သန်သော မျက်လုံးများကို ကြည့်ရင်း ခေါင်းယမ်းလိုက်ကာ

"မသိဘူး၊ အလုပ်များနေမှာပေါ့"

အဒေါ်ကြီးက မျက်မှောင်ကြုတ်သွားပြီး တကျစ်ကျစ်နှင့် သက်ပြင်းချသည်။

"အဲ့လိုဆိုရင်တောင် ဒီလောက်ကြီး အလုပ်မများလောက်ဘူးမလား။ အရင်ကတော့ နေ့တိုင်းလာနေပြီး အခုတော့ တစ်ရက်လေးတောင် မလာတော့ဘူး.....ရှောင်ဝမ်၊ မင်းတို့နှစ်ယောက် ပြဿနာ တက်ထားကြတာလား"

ဝမ်ယန်တစ်ယောက် ဘာကြောင့်ရယ်မသိ၊ ရင်ထဲ အတော်လေး စိတ်တိုနေသည်။

သူသည် ဝတ်ကျေတမ်းကျေ မဟုတ်ပါဘူးဟု ဖြေလိုက်ပြီး အဒေါ်ကြီး၏ အားသန်နေသည့် လက်တစ်စုံကို ဖယ်ခွာကာ အပေါ်တက်လာခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now