၂၇

3.3K 553 23
                                    

{Unicode}

"ဗရုတ်သုတ်ခနိုင်သော နေ့စွဲများ-၀၃"

ရန်ကျားလိက သူ့မှာ ကိုယ်ဝန်ရှိနေပြီဟု ပြောလာသည်။

ယဲ့ထင်တစ်ယောက်ကတော့ အံ့သြမှင်သက်နေကြောင်း ဖော်ပြနေသည်။

ယဲ့ထင်သည် မိမိရင်ခွင်ထဲမှ ရန်ကျားလိအား အနည်းငယ် လွှတ်ပေးလိုက်ကာ သူ့မေးစေ့ကိုညှစ်ပြီး မေးမြန်းလာသည်။

"မင်းခုနက ဘာပြောလိုက်တာလဲ"

ရန်ကျားလိ၏ အကြည့်များက မူသေမရှိဘဲ ခြေလက်များသည်လည်း သဘာဝမကျ ဖြစ်နေကာ လည်ပင်းက တည့်မတ်နေလျက် ပြောလာလေ၏။

"ငါ ကိုယ်ဝန် ရှိနေပြီလို့"

ယဲ့ထင်က သြော်တစ်ချက်ဆိုလျက် နှုတ်ခမ်းတွန့်သွားပြီး

"ဘယ်သူ့ဟာလဲ"

ရန်ကျားလိမှာ ထိုစကားကို ကြားသည်နှင့် စိတ်ဆိုးသွားကာ ဒူးကွေးလျက် ယဲ့ထင်၏ အောက်ပိုင်းကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်ထိုးလိုက်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်သွားမှာလည်း မကြောက်တော့ပေ။ သူက အံကြိတ်လျက် ဆိုလာ၏။

"မင်း ဘာသောက်အဓိပ္ပါယ်လဲ၊ မင်း ရန်ရှာနေတာလား"

ယဲ့ထင်က ရယ်လိုက်ပြီး လက်ဆန့်ကာ ရန်ကျားလိ မျက်နှာကို ပွတ်သပ်နေသည်။ ရန်ကျားလိကို ကြည့်နေသည့် ထိုအကြည့်ကြောင့် တစ်ကိုယ်လုံး တစစ်စစ်နှင့် ခံစားလာရသည်။

ယဲ့ထင်က ရန်ကျားလိ နှုတ်ခမ်းထောင့်ကို နမ်းလိုက်ကာ

"ပေါင်ပေါင်း၊ မင်းက လွတ်မြောက်ဖို့အတွက် ဘယ်လို အလိမ်အညာမျိုးမဆို တကယ်ကြီး ပြောထွက်လာတာပဲ"

ရန်ကျားလိမှာ စကားအကုန် ပွင့်အံပြောထွက်လာပြီးနောက် ပြန်ရုတ်သိမ်းရမည်ဆိုလျှင် သိသိသာသာကြီးကို ရှက်စရာကောင်းနေပေလိမ့်မည်။ ရန်ကျားလိသည် ပြောင်ပြောင်တင်းတင်း ဖီဆန်နေပြီး ဦးနှောက်ထဲရှိ သဘာဝထဲမှ ချော်ထွက်နေသော ဇာတ်လမ်းဇာတ်ကွက်များကို အသက်တစ်ချက် ရှူပြီးသည်နှင့် သရုပ်ဆောင်တော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Onde histórias criam vida. Descubra agora