16.8K 988 29
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၀၁"

"ဆေး၊ ယူထား"

"ဆေးမှတ်တမ်း၊ မှတ်ပုံတင်၊ အားလုံး ယူထားနော်၊ မမေ့နဲ့ဦး"

"ဒါရိုက်တာလျိုဆီမှာ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်လိုက်ဦး၊ မသွားခင် ဆေးမှတ်တမ်းကို ထားခဲ့ရင်ရပြီ။ သွားလို့ရပါပြီ"

ဝမ်ယန်က တိတ်တဆိတ်နှင့် ပစ္စည်းများကို ထုတ်ပိုး သိမ်းဆည်းလိုက်ပြီး အိတ်ကို ကျောပေါ် သယ်ပိုးလိုက်သည်။

သူသည် အိပ်ရာခင်းများကို ရှင်းလင်းပေးနေသော သူနာပြုထံ ယဉ်ကျေးစွာ ဦးညွှတ်လိုက်၍ ကျေးဇူးတင်ကြောင်း ပြောကာ လူနာခန်းထဲမှ ထွက်လာခဲ့သည်။

ခြေလှမ်းများက လူနာခန်း အပြင်သို့ မရောက်သေးခင်တွင် နံရံပေါ်ကို တမင်တကာ ကြည့်လိုက်မိသည်။

ကိုးလပိုင်း ဆယ့်ကိုးရက်နေ့၊ နေ့လည် လေးနာရီနှင့် နှစ်ဆယ့်ရှစ်မိနစ်။

သူ့အား သီးသန့်ခွဲထားပြီး နာတာရှည် ဆေးကုဌာနတွင် ကုသခဲ့သည်မှာ နှစ်ဝက်ကျော်သွားခဲ့ပြီ ဖြစ်ပါသည်။

ဝမ်ယန်သည် ခေါင်းလှည့်ကာ ကျယ်ဝန်းသည်ဟု မဆိုသာသော ဤလူနာခန်းထဲမှ ရင်းနှီးနေသော နံရံ၊ အိပ်ရာ၊ ပရိဘောဂများကို ကြည့်မိသည်။ အတန်ကြာမှ ဘာကိုစဥ်းစားမိသည် မသိ၊ ခေါင်းငုံ့၍ နှစ်ကြိမ်မျှ ရယ်မောကာ အကြည့်များကို ရုတ်သိမ်းပြီး ဖြည်းဖြည်းချင်း ထွက်ခွာလာတော့သည်။

သူ အောက်ထပ်ဆင်းပြီး စီမံခန့်ခွဲရေး ဌာနမှ ဒါရိုက်တာလျိုကို သွားရှာလိုက်သည်။

ဒါရိုက်တာလျိုက အနီရောင် တံဆိပ်တုံး နှစ်ခုကို သူ့ဆေးရုံဆင်း စာရွက်ပေါ် ထုပေးလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် ဆိုသည်။

"နှစ်ဝက်ကျော်လောက် နေပြီးတော့ ရှောင်ဝမ်လည်း ပြည့်ပြည့်ဝဝ ပြန်ကောင်းလာပါပြီ။ နောက်ဆို ကောင်းကောင်း ဖြတ်သန်းတော့နော်။ အခက်အခဲ တစ်ခုခုရှိပြီး မသက်မသာ ဖြစ်လာရင် နောက်တစ်ခေါက် ထပ် ဖွီးဖွီးဖွီး၊ ငါဘာစကားတွေ ပြောနေပါလိမ့်။ မင်း ထပ်မလာရပါစေနဲ့လို့ မျှော်လင့်ပါတယ် ဖြစ်ရမှာကို"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now