၂၂

3.5K 644 36
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၂၂"

ဝမ်ရွှင်တစ်ယောက် တအံ့တသြနှင့် နိုးကြားလာသည်။

သူသည် အမှောင်ထဲတွင် မျက်လုံးကျယ်ကျယ် ဖွင့်ထားပြီး အထိတ်တလန့်နှင့် ထိုသန်မာထွားကြိုင်းသော လူရိပ်ကို ကြည့်လိုက်ပါ၏။

ထိုလူရိပ်သည် ခြေဖော့လက်ဖော့နှင့် လက်ဆောင်ဘူး တစ်ဘူးကို ဝမ်ရွှင်၏ ကုတင်ခေါင်းရင်းရှိ ဘီရိုပေါ် တင်လိုက်ပြီး တိတ်တိတ်ကလေး ဝမ်ရွှင်ကုတင်ဘေး ထိုင်လိုက်ရာ ဝမ်ရွှင်တစ်ယောက် ကမန်းကတန်းနှင့် မျက်လုံးများကို မှိတ်ချပစ်လိုက်၏။ နောက်တစ်စက္ကန့်မှာတော့ ထိုလူရိပ်က ဖွဖွကလေး လက်ဆန့်ထုတ်လာပြီး နူးနူးညံ့ညံ့၊ ဖြည်းဖြည်းဆေးဆေးနှင့် ပွတ်သပ်ပေးသည်ကို သူ ခံစားလိုက်ရသည်။

ဝမ်ရွှင်သည် မိမိနဖူးပေါ်တွင် သူ နမ်းရှုပ်လိုက်သည်ကိုပါ ခံစားလိုက်ရပြီး မုတ်ဆိတ်ဖြူဖြူကြီး၏ ပွတ်တိုက်မှုကြောင့် မျက်နှာသည်ပင် ယားယံလာရ၏။

ဝမ်ရွှင်တစ်ယောက် သေမတတ် မျက်လုံးမှိတ်ထားပြီး စောင်အောက်ထဲတွင် တိတ်တိတ်ကလေး လက်သီးတင်းတင်း ဆုပ်မိကာ အသည်းနှလုံးက ရင်ဘတ်ထဲ တဒုန်းဒုန်းနှင့် ခုန်လှုပ်နေပါသည်။

ထိုလူ မတ်တပ်ရပ်သွားမှ ဝမ်ရွှင်က ခိုးခိုးပြီး မျက်လုံးအကြောင်းလေး ဖွင့်ကြည့်မိသည်။

အင်္ကျီအနီ၊ မုတ်ဆိတ်အဖြူနှင့် လူရိပ်က ပစ္စည်းများ သိမ်းဆည်းပြီးနောက် ကိုယ်ကိုလှည့်ကာ တံခါးဝဆီသို့ ထွက်သွားချေတော့မည်။

သူ တံခါးလက်ကိုင်ကို ထိလိုက်ပြီး ထွက်သွားတော့မည့် အချိန်တွင် ဝမ်ရွှင်က ရုတ်တရက် ထိန်းမထားနိုင်စွာဖြင့် ပြောလာသည်။

"ကျေးဇူးတင်ပါတယ်"

ထိုလူ ခေါင်းလှည့်လာတော့ ဝမ်ရွှင်တစ်ယောက် ရင်းနှီးနေသော မည်းနက်နက် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

ထိုလူက ငြိမ်ငြိမ်သက်သက်နှင့် ပြုံးပြလာသော်လည်း စကားတော့ မဆိုပါဘဲ သူ့ဘေးနားမှ နေရာကိုသာ ညွှန်ပြသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now