၂၆

3.9K 575 33
                                    

{Unicode}

"ဗရုတ်သုတ်ခနိုင်သော နေ့စွဲများ-၀၂"

ရန်ကျားလိမှာ မကူနိုင် မကယ်နိုင် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားမိသည်။

ယဲ့ထင်က သူ့ခြေလှမ်းများကို မြင်သွားပြီး အကြည့်က ချက်ချင်းဆိုသလို နက်နဲသွားသော်လည်း စကားတော့ မဆိုလာခဲ့။

သူက တစ်လှမ်းချင်း တစ်လှမ်းချင်း ရန်ကျားလိရှေ့ လျှောက်လှမ်းလာကာ ရန်ကျားလိ ရုတ်ခြည်း အသက်ရှူကျပ်နေတုန်း သူကကိုယ်ကို ကွေးညွတ်လာပြီး လက်ဖဝါးဖြင့် ရန်ကျားလိ၏ ပါးပြင်တစ်ဖက်ကို ပွတ်သပ်နေရင်း ရုတ်တရက် နွေးထွေးသော အသံဖြင့် ဆိုလာလေ၏။

"ပေါင်ပေါင်း ဒီနေ့ပင်ပန်းလား"

ရန်ကျားလိက မရှင်းမရှင်း ဖြစ်သွားပြီး

"အာ?"

ယဲ့ထင်က မေးခွန်းထုတ်သည်။

"မင်းကို မေးနေတာလေ၊ ဒီနေ့ ပင်ပန်းလားလို့၊ အလုပ်ရော ပြီးသွားပြီလား"

ရန်ကျားလိက အနည်းငယ် ကြောင်စီစီနှင့် ခေါင်းညိတ်ကာ ရိုးရိုးသားသား ပြန်ဖြေသည်။

"အဆင်ပြေပါသေးတယ်၊ ငါ့အပိုင်းက အားလုံး ပြီးသွားပြီ။ ဒါရိုက်တာအဖွဲ့နဲ့ စကားနည်းနည်း သွားပြောပြီးရင် ပစ္စည်းတွေသိမ်းပြီး အရင်ပြန်လို့ရတယ်"

ယဲ့ထင်က ခပ်ဖျော့ဖျော့ ဆိုသည်။

"မင်း သွားပြောနှင့်လေ၊ ကိုယ်မင်းအစား ကူသိမ်းပေးထားမယ်"

ရန်ကျားလိက ​အော့ဟု အသံတစ်ချက်ပြုကာ ယဲ့ထင်၏ တိုက်တွန်းမှုကြား ဒါရိုက်တာ ရှိရာဘက်သို့ ထွက်သွားလိုက်၏။

သူသည် တစ်ဖက်က သွားနေရင်း တစ်ဖက်ကလည်း ယဲ့ထင်ကို မရပ်မနား လှည့်ကြည့်နေမိသည်။ ယဲ့ထင်တစ်ယောက် ဘယ်လိုလှည့်ကွက်တွေများ လျှိုထားသလဲ ဆိုသည်ကို ထောက်လှမ်းရေး ဆင်းနေသကဲ့သို့ပင်။

ရန်ကျားလိက ဒါရိုက်တာတို့နှင့် နှုတ်ဆက်စကား ပြောပြီးသည့်နောက် ယဲ့ထင်က အနောက်တိုင်း ဝတ်စုံ ဝတ်ထားရင်းနှင့် ရန်ကျားလိ၏ ဂျင်းထည်ကျောပိုးအိတ်ကို လွယ်ထားလေ၏။ အသွင်အပြင်က မူကြို​ကျောင်း တံခါးဝတွင် ကလေးသူငယ် ကျောင်းလွှတ်သည်ကို လာကြိုသည့် အဖေနှင့် ဆင်တူနေသည်။ သူက ရန်ကျားလိ လက်ကိုတွဲထားရင်း ဖြည်းဖြည်းဆေးဆေးနှင့် ကားပါကင်ဆီ လျှောက်သွားကာ နှစ်ယောက်သား ကားပေါ်နေရာယူပြီးနောက် ယဲ့ထင်က ကားမောင်းတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now