ဖြန်း!!!
အကိုသက်ပိုင် က
"လွန်း အကို့ အချစ်ကိုစော်ကားတာလား"
တစ်စက်စက်တုန်နေသော စိုင်းအယ်၏နှုတ်ခမ်းများသည် မုန်းသည်ဟူသောအကြောင်းကိုအမူအယာဖြင့်ပြနေသယောင်။
"ကျွန်တော် အကိုနဲ့နေရတာ မပျော်တော့ဘူး။
သွားခွင့်ပြုပါတော့။အကို့ကိုမချစ်ချင်တော့ဘူး"သ်ပိုင်သည် တည်ငြိမ်လာ၏။ထို့နောက် ဖျော့တော့သော လေသံဖြင့်
"ဘယ်အချိန်ကစပြီးမချစ်တော့တာလဲ"
"အကို့ပုဂံမြို့ကနေ ခေါ်ထုတ်သွားတဲ့အချိန်ကတည်းက"
"အဲ့တာဆို ဟန်ဆောင်နေခဲ့တာပေါ့"
"အကို့ကိုပြန်နှိပ်ဆက်ရတာ ပျော်ဖို့ကောင်းမယ်ထင်လို့"
သက်ပိုင် က
"သွားပါတော့လွန်းရယ်။အကို ထပ်မကြားပါရစေနဲ့တော့။တောင်းပန်ပါတယ်"
ချစ်ရသူအားနာကျင်စရာ စကားတွေနဲ့နှိပ်ဆက်ပြီးလေပြီ။ရင်ဘက်တစ်ခုလုံးသည်လဲ ဝမ်းနည်းခြင်းဗလပွ။
*ထုံးစံအတိုင်း ဒဏ်ရာတွေဆီကထွက်ပြေးရမယ်လေ။လုပ်နေကျအတိုင်းပါပဲ။ဘာမှ မခက်ခဲလောက်ပါဘူး။
*နာလိုက်တာ။နှလုံးသားလေးကိုတော့အားနာပါရဲ။မတက်နိုင်ဘူးမိမိနှလုံးသားကိုရက်စက်ပြရတော့မည်။
"ကြီးဆွေ သား ပုဂံကိုတစ်လလောက်
ပြန်ချက်လို့။နေစရာမရှိမှာ သိပေမဲ့ အဂ္ဂဆီခနအလည်သွားချင်လို့။"အကြောင်းစုံကိုမသိသေးသောကြီးဆွေက
"သားသွားချင်ရင်သွားလေ။ဒါပေမဲ့အကြာကြီးတော့မနေနဲ့"
"အကြာကြီးတော့မနေပါဘူးကြီးဆွေ။"
တစ်ကယ်တော့ မနေနိုင်တာပါ။
နေ့တွင်းချင်းအထုပ်ပြင်၍ ပုဂံကိုသွားတော့မည်။
လမ်းတစ်လျှောက်တွင် မျက်ရည်မိုးရွာသွန်းကာ အကိုပေးထားသော တပတ်အနီလေးကိုထွေးပိုက်ရင်းကျွန်တော် ထင်တာထက်ကိုအဆင်မပြေခဲ့တာပါလား။
**
အဂ္ဂတို့၏ အိမ်ရှေ့သို့ရောက်လေပြီး။
တင်းထားသော မျက်ရည်တို့ကို ထပ်မံ ရွာသွန်းချင်နေပြီ။
YOU ARE READING
အလွမ်းကဖေး(Miss cafe)U&Z Completeed
Fantasy10.6.2022 ဒီficမှာသာသာက နူးညံတဲ့ချစ်ခြင်းအကြောင်းလေးရေးထားတာပေါ့နော်။ စိုင်းအယ်လွန်း က ချူချာတဲ့ လူတစ်ယောက်ပါ။ သူ့ကျန်းမာရေးကြောင့် ဖုန်ထူတဲ့ပုဂံမြို့ကနေထွက်ပြီး အေးချမ်းလှတဲ့ အဒေါ်ရှိရာ ပြင်ဉီးလွင်မြို့လေးကိုပြောင်းလာခဲ့ပါတယ်။ အဒေါ်ရဲ့အိမ်ရှေ့မှာ က...
☕Part17☕
Start from the beginning