စိုင်းအယ်တုန်လှုပ်မိသည်မှာတော့ အမှန်ပင်။

"ဟင်...ကြီးဆွေ သိနေတာလား"

"ကြီးဆွေ မမျှော်လင့်ဘဲ သားမှတ်စုလေးကို ဖတ်မိခဲ့တာ"

အငိုတိတ်စပြုနေသော စိုင်းအယ်၏ မျက်ဝန်းများသည် နောက်တဖန် မျက်ရည်များစီးကျလာ၏။

စိုင်းအယ်က ကြီးဆွေ ဆီပြေးဖက်ကာ

"ကြီးဆွေ သား ကမလိမ္မာလို့ မချစ်ကြတာလားဟင်"

"မဟုတ်ပါဘူး ။ သားက သိပ်ကိုလိမ္မာတဲ့ကလေး လေးပါ။"

"ကြီးဆွေ..."

"သား အဂ္ဂက ဖုန်းဆက်တယ်။ မနက်ဖန် မန္တလေးပြန်မှာ လိုက်မှာလားတဲ့
ကြီးဆွေက သားမရှိဘူးလို့ပြောတော့ သူကလာရင် မေးပေးအုံးတဲ့။
သားသဘောကရော။
ကြီးဆွေတော့ ပုဂံကိုပဲပြန်
စေချင်တယ်ကွယ်"

စိုင်းအယ်က အချိန်တော်တော်ကြာတဲ့ထိ စဉ်းစားလိုက်သည်။

"ကျွန်တော် ဖုန်းပြန်ခေါ်လိုက်မယ်။ သူသားကို ဖုန်းနံပါတ်ပေးသွားတယ်"

ကြီးဆွေ၏တင်းကြပ်စွာ ဖက်ထားသည့် ရင်ခွင်သည် မေတ္တာလို ခံစားရပြီ သိပ်ကိုနွေးထွေး၏။

"ကြီးဆွေ သားမရှိတော့ရင် ဂရုစိုက်နော်။
သားပုဂံပြန်ရင် သားရဲ့အိမ်လေးက အရင်လိုပဲ နွေးထွေးပါ့မလား။"

"အို..သားရယ်။ အဂ္ဂလေးကို ကောင်းကောင်းဂရုစိုက်နော်။"

မိမိ၏ စကားမဆုံးမှီ ထထွက်သွားသော
ကြောင့် ကျောပြင်လေးကိုသာ ငေးရင်း ကြီးဆွေ ကျန်ခဲ့၏။

****
"မောင်..ငါပါ။ မနက်ဖန် မောင်နဲ့လိုက်မယ်။"

အသံသည်တိုးညင်းစွာဖြစ်နေ၍ ငိုသံပါသောကြောင့် အဂ္ဂကစိတ်ပူကာ

"စိုင်း.. ငိုနေတာလား။ "

"မဟုတ်ပါဘူး"

"မောင့်ကိုမညာစမ်းနဲ့ကွယ်
မောင်ခု ချက်ချင်းမင်းအိမ် လာခဲ့မယ်"

"Driver.. miss cafeရဲ့ မျက်နှာချင်းဆိုင် အိမ်ကိုပို့ပေး"

"အလုပ်ကိစ္စကရောboss"

"အရေးမကြီးဘူး
ဘယ်အရာကမှ စိုင်းလောက်အရေးမကြီးဘူး"

စိတ်ပူအောင်လုပ်တဲ့ နေရာမှ အမြဲတော်တဲ့
စိုင်း။မောင်ဟာလေ စိုင်းကြောင့်ရူးတော့မယ်...အင်း...ရူးတော့မယ်။

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now