"ဟုတ်ကဲ့ စောင့်‌ပေးလို့ကျေးဇူးတင်ပါတယ်ရှင်"

အကြောင်းမှာJiminအဖေ လောင်းကစားဝိုင်းမှာအရှုံးများနေတာကို မကျေနပ်ပဲ ပိုက်ဆံချေးပြီး ဆော့ရင်း ဆော့ရင်းနဲ့ ငွေများစွာချေးမိပြီး အခုလိုအကြွေးရှင်ကိုယ်တိုင် Jimin တို့အိမ်ကိုလိုက်လာ၍ အကြွေးတောင်းမှသိရခြင်း။

Jiminက

"အမေ ဘယ်လိုလုပ်မလဲ‌ ပိုက်ဆံတွေကအများကြီးပဲ သားတို့၆လထဲနဲ့ဆပ်နိုင်ပါ့မလား"

"မဖြစ် ဖြစ်အောင်တော့ အတက်နိုင်ဆုံးကြိုးစားရမှာပေါ့သားတို့ရယ်"

ထိုသို့ဖြင့်သုံးယောက်သား ကြုံရာကျပန်းအလုပ်ကြိုးစားလုပ်ကြသော်လည်း စုမိသောပိုက်ဆံမှာသိန်းတစ်ရာမပြည့်သေး။

၆လပြည့်ဖို့တစ်ပတ်အလိုတွင် Jiminအား လူတစ်ယောက်က

"ညီလေး မင်း မင်းမသေဘူးပေါ့နော်"

"ဗျာ ဟို  ဦးလေးလူမှားနေပြီထင်တယ်ဗျ"

"မမှားပါဘူး Junလေးရာ အကိုမင်းကိုမှတ်မိတာပေါ့"

"ကျွန်တော် Junလေးမဟုတ်ဘူး Park Jimin ပါဗျ ကျွန်တော်အလုပ်လေးရှိလို့ ခွင့်ပြုပါဦး"

ထိုလူသည်သူ့PAကို ခုနခိုးရိုက်ထားတဲ့ Jiminပုံအားပို့ပြီး

"သူ့အကြောင်းစုံစမ်းခဲ့ အမြန်ဆုံး"

"ဟုတ်ကဲ့"

နောက်၂ရက်လောက်နေတော့ Jiminအိမ်သို့လူတစ်ယောက်ရောက်လာသည်

"ဒါ Jimin တို့အိမ်လားဗျ"

"ဟုတ်ပါတယ်ရှင့် ဘယ်သူလဲမသိဘူး?"

"ကျွန်တော်ကJ company ပိုင်ရှင် Jeonပါ"

"ဟုတ်"

"သားJiminဧည့်သည်ရောက်နေတယ်"

"ဟုတ် အမေ"

ဒီလိုနဲ့Jiminကြည့်လိုက်တော့ ဟိုတနေ့ကသူ့ကိုလူမှားတဲ့ ဦးလေးတယောက်

"ဪ ဦးလေး ဘာကိစ္စလဲမသိဘူး?"

"ဒီလိုပါငါ့တူ မင်းတို့ငွေကြေးပြဿနာရှိတယ်ကြားလို့ အဲ့တာဦးလေးကူညီချင်လို့ပါ ဟို ရုတ်တရက် သူစိမ်းတယောက်က အဲ့လိုပြောလို့ မယုံနိုင်ဖြစ်မယ်ဆိုတာသိပါတယ် လက်မခံနိုင်ဖြစ်မယ်ဆိုတာလဲ နားလည်ပါတယ် ဒါပေမဲ့ဦးလေးပြောမဲ့အကြောင်းလေးကို အရင်နားထောင်ပေးပါနော်"

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Où les histoires vivent. Découvrez maintenant