ဘူဆန်မြို့ရဲ့ဆင်းရဲသားရက်ကွက်တစ်ခုမှာ Park Jimin အမည်ရှိတဲ့ကောင်လေးနှင့်အတူမိသားစုလေးယောက်နေထိုင်ကြသည်။အခြေခံလူတန်းစားဖြစ်တာကြောင့်ပညာေရးကတစ်ဝက်တစ်ပိုင်းသာ။Jimin မှာမိဘနှစ်ပါးရယ်ညီလေးတစ်ယောက်ရယ်ရှိသည်။
"အမေ သားအလုပ်သွားပြီ"
"သားလဲသွားပြီ"
"အေးအေး ဂရုစိုက်သွားကြနော်သားတို့"
အမေနဲ့သားနှစ်ယောက်လုံးကအလုပ်ရှိပေမဲ့ ဘွဲ့ရပညာတက်တက်မဟုတ်တော့အလုပ်တွေကပင်ပန်းရပြီး ပိုက်ဆံသိပ်မရကြတော့ စားလောက်ရုံနဲ့လိုလိုမယ်မယ် အဆောင်သဘောလောက်သာစုမိသည်။အဖေကတော့အထည်ကြီးပျက်ဖြစ်ခဲ့မှုကြောင့် ဘာအလုပ်မှမလုပ်ပဲ အပေါင်းအသင်းတွေနှင့် လောင်းကစားခုံမင်သူဖြစ်တဲ့အတွက် လောင်းကစားရုံ၌သာအချိန်ပြည့်ရှိနေတက်သည်။
"ငါ့ကိုပိုက်ဆံနည်းနည်းထပ်ပေးပါဦး""ရှင်သုံးနေတာများနေပြီနော် သားတွေလဲအရွယ်ရောက်နေပြီ လောင်းကစားတွေလျော့ပါတော့ရှင်ရယ်"
"အင်းပါ ငါလဲနိုင်ချင်လို့ဆော့ရင်းနဲ့ရှုံးရှုံးသွားလို့ပါ"
"လောင်းကစားကနိုင်တာဆိုလို့ဒိုင်တွေပဲရှိတယ်"
"မင်းကလဲကွာနိမိတ်မရှိတာတွေဆော့တောင်မဆော့ရသေးဘူး တကယ်အာရုံနောက်တယ်ကွာ ပေးပိုက်ဆံ"
Jiminအမေလဲသက်ပြင်းချရင်း
"ရော့ အများကြီးလဲမသုံးနဲ့ဦး"
"အေးပါ"
တစ်လကြာသောအခါ
"ရှင်!!!!သိန်း သိန်းတစ်ရာ ဟုတ်လား ရှင်တို့မှားတွက်မိကြတာများလားရှင်"
"မဟုတ်ပါဘူး တကယ်ပါတခြားသူဆို အဲ့လောက်အများကြီးမချေးပေးမဲ့ အစ်မတို့ကနာမည်ပျက်မရှိလို့ ချေးပေးလိုက်တာဗျ အခုက ကျွန်တော်တို့လဲပိုက်ဆံလေးတွေ အရေးကြီးလိုနေလို့ပါဗျာ"
"ဟုတ်ကဲ့ ၆လလောက်တော့အချိန်လေးပေးပါရှင် အခုကကျွန်မလဲ မရှိသေးလို့ပါရှင်နော်"
"အဲ့ဆိုလဲ တခြားသူဆီက လှည့်ရတော့မှာပေါ့ ၆လပြည့်ရင်တော့ တကယ်ဖြစ်အောင်လုပ်ပေးပါဗျာ"
ESTÀS LLEGINT
မုန်းလိုက်ချင်သည်/မုန္းလိုက္ခ်င္သည္(Completed)