နေ့လည် လောက်က ပေါင်မုန်.ဆိုင်တွင် စိတ်ညစ်ညစ်ဖြင့် ပေါင်မုန့်အနည်းငယ်သာ စားဝင်ခဲ့။
ထို့ကြောင့် မိမိ၏ဗိုက်သည် မိမိကိုတော်လှန်ရေး စ​‌နေပြီ။
ညဆေးသောက်ရန်အတွက်လဲ စိုင်းအယ် အစာလိုသည်။
တော်သေးသည်မှာ အိမ်မှ မိမိနေ့တိုင်းသောက်နေသည့် ဆေးများကို အိပ်ကပ်ထဲထည့်၍ ယူခဲ့လိုက်ခြင်းသာ။
မုန့်အတွက် အကို့ ကိုနှိုးလိုက်ရင်သော် ကောင်းမလား။ဒါမှ မဟုတ်အဆာခံပြီး ​
နေရင်သော် ကောင်းမလား။
စိုင်းအယ် မဆုံးဖြတ်နိုင်တော့ပါ။
အကို့၏ နှစ်ခြိုက်စွာ အိပ်ပျော်နေသော မျက်နှာလေးကြောင့်စိုင်းအယ် အကို့ ကို မနှိုးရက်နိုင်။
ညသည်လည်း ၁၀နါရီ ခွဲပင် ရှိနေပြီ။
မတက်နိုင်တော့ပါ။
ပိုက်ဆံအနည်းငယ် ယူပြီး တစ်ခုခုဝယ်စားရန်
Hotelရှေ့က အလင်းဆိုင်လေးဆီ သွားတော့မည်။
ကောင်တာ ရှေ့ဖြတ်ချိန်တွင်

"ကလေး မိုးချုပ်နေပြီ ။ ဘယ်သွားမလို့လဲ။အကိုရော မပါဘူးလား။"
ဗိုက်အရမ်းဆာနေသောကြောင့် စိုင်းအယ် သိပ်စကားမပြောချင်ပါ။

ထို့ကြောင့်

"ဗိုက်ဆာလို့ မုန့်သွားဝယ် ချင်တယ်။
နောက်ကျနေတယ်ဆိုရင် အမလိုက်ပေးမလို့လား"

စိုင်းအယ်က ထိုအမ၏ မျက်နီာ အမူအယာ ကိုအကဲ ခက်ကြည့်သည်။

"ကိုယ်အလုပ်လုပ်တဲ့hotelက ကလေးပဲ လိုက်ပေးရမှာပေါ့။ အမduty ကလဲ
ပြီးသွားပြီ"

တမင် ရွဲ့၍ မေးလိုက်သော မေးခွန်းကို ထိုအမသည် အတည်ဟုပင် အဓိပ္ပါယ်ကောက်လိုက်၍

"လာ.. ကလေး သွားမယ်"
ထို စပ်ဆလူး ကောင်မလေးသည် စိုင်းအယ်ထက်သုံးနှစ်လောက်ပင် ကြီးမည် ဟု စိုင်းအယ်ထင်မိပါသည်။

စကားကို တိုတိုပြတ်ပြတ်ပြောလိုက်သောကြောင့် စိုင်းအယ်ကို ရိုင်းသည်ဟုစိတ်ထဲ၌ ထိုမိန်းကလေး ကျိန်ဆဲနေမိလိမ့်မည်။သို့သော် အကို့၏မျက်နှာကြောင့်သာ ခံစားချက် ကိုအပြင်သို့ ထုတ်မပြခဲ့။
စိုင်းအယ် သည် လူ အကဲခက်သိပ်တော်သည်။အကိုမှလွဲ၍ လူတိုင်းကို အကဲခက်တတ်သည်။
ထို့ကြောင့် ထိုမိန်းကလေး၏ စရိုက်ကို
သိနှင့်ထားလေပြီ။

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now