"လွန်း... အကိုကလေ လွန်းအေးရင်ဝတ်ဖို့ အကိုနဲ့ နည်းနည်းသေးနေတဲ့ လက်ရှည်လေး ယူလာပေးတာ
ဝတ်ကြည့်လိုက်"

အကို့ အကျီလေးတဲ့သေချာသည်ကတော့ အကို့ ကိုယ်သင်းနံလေး စွဲနေသည်မှာ အမှန်ပင်။
လွန်ခဲ့သည့်သုံးရက်လောက်ကတည်းက နေသာမည့်ရက်ကို ေရဒီယိုမှ သိခဲ့ရသည်။ထို့ကြောင့် အကိုနှင့်အပြင်ထွက်ခဲ့သော်လည်း မှန်းသလိုဖြစ်မလာခဲ့ နေမသာပဲ မိုးအနည်းငယ်အုံ့နေသည်။

"အကျီက အကိုနဲ့ သေးပေမဲ့ လွန်းနဲ့ကျ ကြီးတယ်နော်။ဘာပဲဖစ်ဖြစ် အအေး
ဒဏ်တော့ ခံနိုင်သွားတယ်မလား။"

"ဟုကဲ့ အကို"

"လွန်းက လက်ရှည်အပွလေးနဲ့ ချစ်ဖို့ကောင်းသာပဲ။
လွန်းက ဘာလူမျိုးလဲဟင်"

"ရှမ်းတရုတ်ပါအကို
အကိုကရော"

"အကိုက ဗမာလူမျိုးစစ် စစ်ပါဗျ"

......

နှီးဘုရားတွင်

အကိုက ခေါင်းစောင်း၍ စိုင်းအယ်ဘက် ကြည့်ရင်း

"လွန်းဘာတွေဆုတောင်းခဲ့လဲ"

"ချစ်ရတဲ့ လူနဲ့ အတူနေချင်ပါရစေ
လို့ ဆုတောင်းခဲ့တယ်"

တစ်ကယ်တော့ အကို ဘုရာရှီခိုးနေတာကို ငေးနေမိတာကြောင့် ဘာမှမဆုတောင်းခဲ့လိုက်ရ။
အကိုက သိပ်ငေးမောဖို့ကောင်းတာကိုး။

ကျွန်တော်ဖြင့်လေ အကို့အရှိန်အဝါအောက်မှာ နစ်မြောနေခဲ့မိတာ။

အဲ့တော့ ငရဲမကြီးလောက်ပါဘူး။

"အကို ခနလောက်ရပ်ပေးပါ့လား "

"ဘာလို့လဲ လွန်း"

"ဓာတ်ပုံလေးရိုက်ပေးချင်လို့ နောက်ခံက နှီးဘုရားနဲ့ဆို အမှတ်တရဖြစ်တာပေါ့"

အကိုသည် ရပ်မြဲနေရာ ၌ ရပ်ကာ
အနည်းငယ်ပြုံးလိုက်သည်။
ကျွန်တော်သည်လည်း ထိုအပြုံးကို
ရအောင် ဓာတ်ပုံရိုက်လိုက်သည်။

"လွန်းက camera manအတိုင်းရိုက်နိုင်တာပဲ။
အကိုလဲ လွန်းကို ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးမယ်လေ..
Cameraပေး။လွန်းကတော့ ရပ်နေတဲ့ နေရာမှာပဲရပ်။ နောက်မှာ စိန်ပန်းပြာအပင်ကြီးရှိတယ်။
စိန်ပန်းပြာပင်ဆိုတာရှားတယ်လေ။
Backgroundက သိပ်လှတယ် လွန်း"

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now