“ ဒါပေမဲ့ ဒါက ကျွန်မရဲ့ကိုယ်ရေးကိုယ်တာပါ၊ သခင်လေးဟန်နဲ့ ဘာမှမဆိုင်ဘူးထင်တယ် ”

“ မဆိုင်ဘူး ဟုတ်လား.. ”
ဟန်ကျိုးလီ၏ မျက်ခုံးထူထူတို့ မြောက်တက်သွား၏။ ကျေးဇူးမသိတတ်ပုံတွေက ဒေါသထွက်ချင်စရာ..။

“ ချောက်! ”

ထိုင်ခုံခါးပတ်ဖြုတ်ပြီး အနားတိုးကာ ကိုယ်နှင့်ကပ်ဖိလိုက်တော့.. လုမန် ထိတ်ခနဲ ဖြစ်သွား၏။ အနောက်ကို ဆုတ်မှီရင်း လှမ်းသွားအောင် ဖင်ရွှေ့ထိုင်လိုက်လျှင် သေးသွယ်သော ကိုယ်က ကားတံခါးနှင့် ထိုင်ခုံအကြား ထောင့်နေရာမှာ လုံးထွေးကပ်သွားသည်။

ထောင့်ကျဥ်းကျဥ်းလေးမှာ ဘောလုံးလို ခွေခွေလေးကပ်နေသည့် လုမန်ကို ကြည့်ရင်း ဟန်ကျိုးလီမျက်နှာ ရယ်ချင်ပက်ကျိဖြစ်သွားခဲ့၏။

လက်တစ်ဖက်ကို ကားပြတင်းပေါက်မှာတင်ပြီး ကျန်တစ်ဖက်ကို ထိုင်ခုံမှာ ဖိထောက်လိုက်တော့ သူမက သူ့ရင်ခွင်ထဲမှာ ပိိတ်မိလျက်သား..
“ မင်း ဘာတွေဖုံးထားသလဲ ”

“ ဘာကို ဖုံးရမှာလဲ ကျွန်မက.. ”
လုမန် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ကာ..
“ သခင်လေးဟန် ရှင်.. ရှင် နောက်ကို ဆုတ်ပါ ”

“ မဆုတ်နိုင်ဘူး ”
ဟန်ကျိုးလီက နည်းနည်းမှတွေးတောခြင်းမရှိဘဲ ယုံကြည်မှုအပြည့်နဲ့ ​ဖြစ်သည်။

လုမန် : “…”

မတော်တရော်တွေသိပ်လုပ်တာပဲ..

“ မင်းနဲ့ကိုယ် ဘာမှမဆိုင်ဘူးလို့ ပြောတယ်နော် ”

ဟန်ကျိုးလီက မျက်ဝန်းတွေကို အန္တရာယ်ရှိစွာ မှေးကျဥ်းပစ်သည်။ လုမန် အသက်မပါစွာ ပြုံးလိုက်မိကာ တစ်ခုခုထွက်လိုထွက်ငြား ဦးနှောက်ကို အလုပ်ပေးသည်။ သို့သော် သူမ စကားရှာမရသေးခင် ဟန်ကျိုးလီက ထပ်ပြောလာ၏။

“ ဒါဆို မင်းက ဘယ်သူနဲ့ ဆိုင်ချင်တာလဲ ”

ဘယ်သူနဲ့မှကို မဆိုင်ချင်တာပါ..

ဒါပေမယ့် ပါးစပ်ပြင်လိုက်တာနှင့် နှုတ်ခမ်းတွေပါသွားခဲ့၏။ ဟန်ကျိုးလီရဲ့နှုတ်ခမ်းတွေသည် သူမနှုတ််ခမ်းတွေပေါ်မှာ ဖိကပ်ထားလျက်ရှိကာ အေးစက်သည်ထင်ရသော်လည်း တကယ်က နူးညံ့ပြေပြစ်ခြင်းတွေနှင့်ဖြစ်၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now