ဒါမှမဟုတ် အားကိုးစရာရှိနေလို့လား

ကျန်သည့်လူတွေလည်း သိုက်ယီးရန်တွေးသလိုပဲ တွေးမိကြ၏။

ဝူလီကျဲတစ်ယောက်သာ စိုးရိမ်စိတ်ပူနေမိသည်။ လုမန် စိတ်လိုက်မာန်ပါ လုပ်လိုက်တာလို့လည်းထင်ပါသည်။

သည်းခံနိုင်စွမ်း မရှိတော့သဖြင့် အနာဂတ်ကို ပေါ့သေးသေးထားလိုက်သည်ဆိုလျှင်တောင် သူမမှာ ရှချင်းဝေရဲ့ဆေးဖိုးတွေပေးဖို့ရှိနေတာကိုတော့ မမေ့သင့်ဘူးမဟုတ်လား။

“ ဘယ်လိုလဲ .. ကျွန်မနဲ့ ရှင် လောင်းကြေးထပ်ချင်ရဲ့လား ”

လုမန်က ပြုံးပြုံးဖြင့် မေးသည်။

“ ရှင် ကျွန်မနဲ့ ယှဥ်ပြိုင်ချင်တယ်ဆိုရင် ကျွန်မသတ်မှတ်တဲ့ လောင်းကြေးကို လက်ခံဖို့လိုမယ်၊ မဟုတ်ရင်တော့ ပြိုင်ဆိုင်ဖို့ကို မေ့လိုက်ပါ ”

ပြက်ရယ်ပြုသလို သိပ်ကိုယုံကြည်မှုရှိနေသော မျက်နှာလေးကြောင့် သိုက်ယီးရန် နည်းနည်းတော့ မချင့်မရဲဖြစ်သွားသည်။

ဒီအရေးမှာ လှည့်ကွက်တချို့ရှိနေသည်လား.. 

သို့သော် စကားကြီးစကားကျယ်တွေပြောပြီးမှ ခု လက်မခံတော့ဘူးဆိုလျှင် လူတွေ သူမကို ကဲ့ရဲ့ကြလိမ့်မည်။

တွေးကြည့်လိုက်တော့လည်း ဘာများ ကြောက်စရာရှိလဲ၊ လုမန်ကို သူမ ရှုံးမှာ ဖြစ်နိုင်လို့လား..

လုမန်က တကယ်အရည်အချင်းမရှိဘဲ ဒီတိုင်း လူအထင်ကြီးအောင်လုပ်နေတာဆိုရင်ကော..

ဘာဖြစ်ဖြစ် မတတ်သာ၍ လက်ခံလိုက်ရသည်ပဲ ဆိုချင်ဆို သိုက်ယီးရန် ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ ငါလက်ခံတယ် ”

ပြီးတော့ သူမ ရှုံးနိမ့်မယ်လို့လည်း မထင်။

ကျောင်းကောင်းကောင်းကနေ ဘွဲ့ရထားသည့် သူမ လေ့လာခဲ့သည့် ပညာကလည်း ဒီအလုပ်နှင့်ပတ်သက်တာတွေပဲ ဖြစ်၏။ ကျောင်းမှာတုန်းကဆိုလျှင် ဖြစ်တတ်သည့် ကိစ္စတွေအများကြီးကို လေ့လာလုပ်ဆောင်ခဲ့ကာ အိမ်စာထပ်သည့် ရလဒ်တွေကလည်း အမြဲ ကောင်းခဲ့သည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Où les histoires vivent. Découvrez maintenant