Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်

Start from the beginning
                                    

မန်နန်၏ စိတ်ထဲတွင် အနက်ရှိုင်းဆုံး လျှို့ဝှက်ခန်းထဲတွင် နောက်ဆုံး စရိုက်တစ်ခုကို သိုဝှက်ထားသည်။ ဒေါက်တာကောင်း၏ အဆိုအရ ထိုကိုယ်ရည်ကိုယ်သွေးသည် မန်နန် ၏ ကလေးဘဝတွင် စွဲမြဲနေခဲ့သည်။ သူနှင့် ဆက်သွယ်ရန်ငြင်းဆိုခဲ့ပြီး သူပေါ်လာသည့်အချိန်သည် အလွန်တိုတောင်းသည်။ တတိယပုဂ္ဂိုလ်ပေါ်လာသောအခါ၊ မန်နန်သည် လူသားဆန်သော အရည်အချင်းကို ပြသမည်ဖြစ်သည်။

တတိယပုဂ္ဂိုလ်က တကယ့် မန်နန် ဖြစ်နိုင်ပါ့မလား။ ဒါဆို သူဘာဖြစ်သွားတာလဲ ? ဒီပုဂ္ဂိုလ်ကို ဘယ်နေရာက ပေါ်လာတာလဲ။

တတိယ နာမကျန်းခန်းမဆောင် ထဲကို မဝင်ခင် ချန်ကော က ဒါကို လေ့လာခဲ့တယ်။ သူသည် ကွဲပြားသော ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းမှုနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး လူတစ်ဦးစီ၏ အသွင်အပြင်သည် နောက်ကွယ်တွင် တိကျသောအကြောင်းပြချက်တစ်ခုရှိကြောင်း သူသိသည်။

အထီးကျန်ခြင်း သို့မဟုတ် မိမိကိုယ်ကို ခုခံကာကွယ်မှု ယန္တရားလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ချန်ကောသည် မန်နန် ၏တတိယပုဂ္ဂိုလ် အဘယ်ကြောင့်ပေါ်လာသည်ကို မသိသော်လည်း ထိုအရာက တတိယဖျားနာဆောင်ခန်းမတံခါးနှင့် ဆက်စပ်နေသည်ဟု သူ ခံစားမိသည်။

ဓါတ်ပုံကို စာအိတ်ထဲပြန်ထည့်လိုက်ပြီးတော့ ချန်ကောက တတိယစာကို စဖတ်လိုက်သည်။

"တံခါးက အချိန်မှန်ပဲ သန်းခေါင်ယံမှာ ပေါ်လာတယ်။ မပျောက်ခင် တစ်မိနစ်လောက်ကြာတယ်။"

"တတိယဖျားနာဆောင်ခန်းမကို ချိတ်ပိတ်ပြီး အခန်း နံပါတ် ၃ ကို ညဘက် ဘယ်သူမှ အနားမလာဖို့ တားမြစ်ထားပါတယ်။ အဲဒီသွေးထွက်နေတဲ့ တံခါးကို စောင့်ကြည့်ဖို့ ညဘက် တာဝန်ကျတဲ့ သူနာပြုတွေကို တောင်းဆိုထားခဲ့တယ်။"

"သုံးရက်လောက်ကြာတော့ တံခါးနောက်ကနေ ထူးဆန်းတဲ့အသံတစ်ခု ထွက်လာတယ်လို့ သူနာပြုတွေက ပြောပြတယ်။ တံခါးက ပုံမှန်ပြန်ဖြစ်တော့ တံခါးကို တွန်းဖွင့်လိုက်တော့ အခန်းက ကြွက်တစ်ကောင်တောင်မှ မရှိဘူး။ အသံက ဘယ်က ထွက်လာသလဲဆိုတာ မသိတော့ဘူး"

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now