ထို့ကြောင့် ကြည့်ပြောစရာစာရွက် မလိုအပ်ခဲ့ဘဲ စီမံချက်အကြောင်း အပြည့်အစုံကို ဟန်ကျိုးလီအား တစ်ခုမကျန် စီစဥ်တကျ ရှင်းပြနိုင်ခဲ့သည်။

သူမပြောတာတွေကနေ ဘယ်လောက်အားစိုက်ကြိုးစားထားကြောင်းကို ဟန်ကျိုးလီ ​သိနိုင်၏။

" မဆိုးပါဘူး၊ ကိုယ်လည်း ပထမအစီအစဥ်ကို သဘောကျတယ် "
ဟန်ကျိုးလီက ခေါင်းညိတ်ပြီး လုမန်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲမှာလည်း လေးစားသဘောကျခြင်းတွေပဲ တိုးတိုးလာခဲ့၏။

သူ့အကူအညီမပါလျှင်တောင် လုမန်က ကိုယ့်အရည်အချင်းနှင့်ကိုယ် ဟန်ကော်ပိုရှေးရှင်းကို ဝင်ရောက်နိုင်မှာပဲဖြစ်သည်။

ဒါ သူသဘောကျရတဲ့ မိန်းကလေး..

ဟန်ကျိုးလီ ကျန့်ထျန်းမင်ကို လှမ်းခေါ်လိုက်ပြီး
" တုလင်းဆီ ဖုန်းဆက်လိုက်ပါ "

ဟု ပြောကာ လုမန်ဘက်ကို ပြန်လှည့်၍..

" တုလင်းကို ပြောပြလို့ ဖြစ်တယ်မို့လား "

" ဟုတ်ကဲ့ ကိစ္စမရှိပါဘူး "

" မင်း ခုနကပြောသလိုမျိုး အသေးစိတ်ရှင်းပြဖို့မလိုဘူး၊ ပလန်နှစ်ခုက ဦးတည်ချက္မတူညီတဲ့အတွက် လိုရင်းကိုပဲ သူနားလည်အောင် ပြော "

တုလင်းမှာလည်း ဒီကို လာပြီးတော့ နားထောင်ရလောက်အောင် အချိန်ရှိမှာမဟုတ်ပေ။

" ပြီးတော့မှ သူ ဘယ်တစ်ခုကို ဖြစ်ချင်သလဲ မေးကြည့်ပါ "

ဖုန်းဝင်သွားပြီး သိပ်မကြာသည့်အချိန်မှာပဲ တုလင်းသည် ဖုန်းကိုင်၏။

နောက်တော့ လုမန်က အစီအစဥ်နဲ့ပတ်သက်ပြီး အကျဥ်းချုံ့ရှင်းပြလိုက်ကာ တုလင်းကလည်း ပထမအစီအစဥ်ကို ရွေးချယ်ခဲ့လေသည်။

" အခု မင်း ပြန်သွားပြီးတော့ အစီအစဥ်ကို အသေးစိတ်ချလို့ရပြီ၊ အခုကစပြီး တုလင်းရဲ့မန်နေဂျာ ကူချင်းဖန်နဲ့ တိုက်ရိုက်ဆက်သွယ်ပါ "

ဒီကိစ္စကို ကိုယ်တိုင်လုပ်ဆောင်ဖို့ တာဝန်ပေးခံရလိမ့်မည်ဟု မထင်ထားခဲ့ခြင်းတွင် ကြောက်စိတ်တော့နည်းနည်းမှမဖြစ်ပေ။ သူမအတွက်တော့ ဒါသည် စိန်ခေါ်မှုတစ်ရပ်သာဖြစ်ပြီး တွေးကြည့်လိုက်ရင် ပိုပြီးတော့တောင် စိတ်လှုပ်ရှားရသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now