အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)

2.6K 298 7
                                    

[Unicode]

အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)

တကယ်တော့ ယွီပေါ်က ထိုလူလိမ်ကို လျန်နှစ်ရာသာ ပေးမိခဲ့သည်။ ကျန်တဲ့ ပိုက်ဆံတွေနဲ့ လျန်တစ်ရာကို တပြိုင်တည်း ထိုလူဆီပေးနိုင်ရန်အတွက် သူ့အမေ ပိုက်ဆံအလုံအလောက် စုဆောင်းပြီးသည်အထိ စောင့်ရန် စီစဉ်ခဲ့တာဖြစ်သည်။ မမျှော်လင့်ဘဲ ထိုလူလိမ်ကို တစ်ရက်အတွင်းမှာပဲ ဖမ်းမိသွားတော့သည်။

သူပေးလိုက်တဲ့ ပိုက်ဆံတွေ ပြန်မရနိုင်လောက်ဘူးလို့ တွေးမိတာကြောင့် သူ့အမေဆီ ကျန်တဲ့ လျန်တစ်ရာကို ပြန်မအပ်တော့ဘဲ သူကိုယ်ပိုင်ပဲ သိမ်းထားလိုက်တော့သည်။ ပိုက်ဆံနဲ့ ပတ်သက်ရင် သူ့အမေက အမြဲတမ်း သူ့အပေါ် ရက်ရောပေမယ့် သူ့လက်ထဲမှာ ပိုက်ဆံတချို့ရှိနေတာက ပို၍ အဆင်ပြေပါသည်။

အဘွားကြီးကျန်းက သူမနားထင်နားက ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေကို သပ်တင်လိုက်သည်။ သူမရဲ့ သောက ရောက်နေတဲ့ မျက်နှာအမူအရာက သူမကို ပိုလို့ကြောက်ရွံ့ဖွယ်ကောင်းစေသလို။ တွေးကြည့်လေလေ သူတို့ ပိုက်ဆံလျန်သုံးရာကို ဒီအတိုင်းကြီး ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့အချက်ကို လက်မခံနိုင်လေပဲ။ သူမက အမျိုးသမီးလီကို ကျန်းချွမ်ရဲ့ဇနီးကို ကူညီဖို့မှာခဲ့ပြီး ရွာအဝင်က သစ်ပုတ်ပင်ကြီးဆီကို ဦးတည်လိုက်သည်။

တစ်ဖက်မှာတော့ သစ်ပုတ်ပင်ကြီးရဲ့အောက်မှာ အဘိုးယွီက ဆောင့်ကြောင့်ထိုင်နေပြီး ရွာသူကြီးနဲ့ သူ့အကြီးဆုံးအစ်ကိုတို့ရဲ့ စကားဝိုင်းကို ငြိမ်ငြိမ်လေး နားထောင်နေသည်။ ယွီလီချွမ်းက သူ့ရဲ့တတိယညီ မျက်နှာသိပ်မကောင်းတာကို သတိပြုမိတဲ့အခါ စိုးရိမ်စွာနဲ့ မေးမြန်းလိုက်ပေမယ့် ဘာအဖြေမှ ပြန်မရတာကြောင့် ပိုပြီးနားမလည်နိုင် ဖြစ်နေတော့တယ်။

ရွာသူကြီးနဲ့ ယွီလီချွမ်းက ဒီနှစ်ရဲ့ကောက်ရိတ်သိမ်းမှုအကြောင်း ခေါင်းစဉ်ကနေ ယွီလီချွမ်းရဲ့ သားအငယ်ဆုံး ယွီကျန်းဘက်ကို စကားလှည့်လာတယ်။

သာ့ကျန်းကူညီပေးနေတဲ့ ပင်လယ်စာ ဝယ်ယူတဲ့လုပ်ငန်းက တော်တော်လေး အဆင်ပြေနေတယ်လို့ ငါကြားတယ်! သူက အဲ့တာကို ရိုးရိုးကူညီတာလား ဒါမှမဟုတ် ပိုက်ဆံရလား?"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now