အပိုင်း ၁၃၅ (အကင်းပါးသော)

3.2K 416 2
                                    

[Zawgyi]


ရုံရွှမ်ကျောင်းတော် တည်ထောင်ကတည်းက ယွမ်စီနျန်ရဲ့အတန်းတွေမှာ တက်ရောက်ခဲ့ကြတဲ့ တပည့်ပေါင်းများစွာရှိပေမယ့် တကယ်တမ်းပြောရရင် သူအသိအမှတ်ပြုတဲ့ တပည့်ရင်းက သုံးယောက်သာရှိသည်။ အခုဆိုရင် တစ်ယောက်က တရားရုံးမှာ အကြီးတန်းအရာရှိဖြစ်နေပြီး နောက်တစ်ယောက်က တော်ဝင်ကျောင်းတော်မှာ အကြီးအကဲ တစ်ယောက်ဖြစ်နေပြီ။ ကျန်တစ်ယောက်ကတော့ နိုင်ငံရေးကို စိတ်မဝင်စားတာကြောင့် သူလိုပဲ ပညာရှိကြီးတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သူ့ရဲ့ တပည့်ရင်းအဖြစ် အသိအမှတ်ပြုခံရတဲ့သူတွေက အောင်မြင်တဲ့ အနာဂတ်ကိုရမှာ သေချာပေါက်ပင်!

ယွီရှောင်ချောင်းက မရည်ရွယ်ဘဲ သူမမောင်လေးအတွက် အောင်မြင်မှုလမ်းကြောင်း ဖောက်ပေးလိုက်တယ်ဆိုတာ သတိမပြုမိပေ။ သူမက သူမပတ်ဝန်းကျင်က အလေးထားရမယ့် လူတွေအပေါ် စစ်မှန်တဲ့စိတ်ထားနဲ့ ဆက်ဆံနေခြင်းသာဖြစ်သည်။

ဘဲသားပေါင်းလုပ်နည်းအတွက်တော့တတိယသခင်လေး အကြုံပြုတဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ ကျွန်မက အကျိုးအမြတ်ကို ဆယ်နှစ်အထိပဲ ယူမယ်၊ ဆယ်နှစ်ပြည့်ရင် ကျိန်ရှုံစားသောက်ဆိုင်က ဘယ်လောက်ရရ သခင်လေးတို့အပိုင်ပဲ!

ယွီရှောင်ချောင်းက နိဂုံးချုပ်လိုက်တယ်။

အစက သူတို့သူဌေးလေးရဲ့ ကမ်းလှမ်းချက်ဟာ ကျိန်ရှုံစားသောက်ဆိုင်ကို အရှုံးပေါ်စေမှာပဲလို့ တွေးနေမိတဲ့ ဆိုင်တာဝန်ခံကြီးက ရှောင်ချောင်းရဲ့စကားကို ကြားပြီးတဲ့အခါမှာတော့ လက်သင့်ခံနိုင်သွားတယ်။ အနာဂတ်မှာ ကျိန်ရှုံစားသောက်ဆိုင်က ဆိုင်ခွဲတွေအများကြီး ရှိလာတဲ့အခါကျရင် ကြက်သားကင်နဲ့ ဘဲပေါင်းတို့ရဲ့ ရောင်းအားက မခန့်မှန်းနိုင်လောက်အောင် ကြီးမားလာမှာပင်။ တကယ်လို့သာ သူတို့က ယွီမိသားစုကို ဆိုင်ခွဲတစ်ခုစီက ရတဲ့ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို ပေးမယ်ဆိုရင် ယွီမိသားစုက ကျိန်ရှုံစားသောက်ဆိုင်ကို ဂုတ်သွေးစုပ်မယ့်မျှော့တွေ ဖြစ်မလာနိုင်ဘူးလား။ ပြီးတော့ ဘယ်လိုမှလည်း ဖယ်ရှားလို့မရနိုင်ဘူးမလား ဒီတစ်ခါမှာတော့ တာဝန်ခံကြီးက သူဌေးလေးရဲ့ စူးရှတဲ့ လူကဲခတ်နိုင်စွမ်းကို ယခင်ကထက်ပိုပြီး လေးစားသွားတော့တယ်။ မိန်းကလေးယွီက တတိယသခင်လေးအတွက် ကောင်းမြတ်တဲ့ အကျိုးပြုသူပဲ!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now