အခန်း ၇ - အလှလေးကိုကယ်တင်ခြင်း

3.5K 522 3
                                    

[Zawgyi]

အခန်း ၇ - အလှလေးကိုကယ်တင်ခြင်း

ကျောက်တန်းလျားတွေရဲ့ ကျယ်ပြန့်တဲ့အပိုင်းက ကလေးတွေရှေ့မှာပေါ်ထွက်လာတယ်။ ယွီရှောင်လျန်နဲ့ရှီထုန်က ပျော်ရွှင်စွာပြေးလာတဲ့အခါ လှိုင်းတံပိုးတွေက သူတို့နောက်လိုက်လာသည်။ ယွီဟန်က အနည်းငယ်ပိုပြီးစိတ်တည်ငြိမ်သူဖြစ်သည်။ သို့သော်လည်း သူကျောက်တန်းတွေပေါ်မှာ ပင်လယ်အစားအစာတွေ အများကြီးတွေ့တဲ့အခါမှာတော့ သူက အစာတွေကိုမြန်မြန်စုဖို့ ငုံ့ကောက်လိုက်သည်။

ယွီရှောင်ချောင်းက သူမရဲ့မျက်နှာကိုတိုက်ခတ်နေတဲ့ ပင်လယ်လေအေးတွေကိုခံစားရင်း ကျောက်တန်းရဲ့ထိပ်မှာအေးအေးဆေးဆေး မတ်တပ်ရပ်နေခဲ့သည်။ ကောင်းကင်နှင့်ပင်လယ်နှစ်မျိုးလုံးသည် ကြည်လင်သောမိုးပြာရောင်ဖြင့်ပြည့်နှက်နေသောကြောင့် အပြာရောင်ရူပါရုံမြင်ကွင်းတစ်ခုက သူမ၏မျက်လုံးများကို နှုတ်ဆက်နေသည်။ ထိုဟာက အကြည်ရောင်မျိုးဖြစ်သည်။ အကောင်းဆုံးအရည်အသွေးနဲ့ အပြာရောင်ကျောက်တောင်မှ ကြည်လင်ပြီးတောက်ပတဲ့ ပင်လယ်နဲ့ကောင်းကင်ကို မယှဉ်နိုင်လောက်ဘူး။

ဒါက ပင်လယ်ပဲ။ ညစ်ညမ်းမှုလက္ခဏာအနည်းငယ်တောင်မရှိတဲ့ပင်လယ်။
ယွီရှောင်ချောင်းက သူမရဲ့ရှေ့က သဘာဝရှုခင်းရဲ့ဖမ်းစားခံရရင်း ဝေးဝေးထွက်ခွာမသွားနိုင်ပဲ တွေဝေနစ်မောနေခဲ့တယ်။

"ချောင်းအာ ဒီနားကိုလာ ဒီငါးမန်းအရေပြားနဲ့လုပ်ထားတဲ့ ဖိနပ်ကိုဝတ်လိုက်။ မင်းရဲ့ခြေထောက်တွေက မင်းရဲ့ဝမ်းကွဲတွေနဲ့တော်တော်ကွာတယ်။ သူတို့အတွက် ကမ်းခြေတလျောက်က ပြေးလွှားနေကျတွေ။ မင်းသူတို့လိုမျိုး ကျောက်တန်းတဝိုက်မှာပြေးမယ်ဆိုရင် မင်းရဲ့ခြေဖဝါးတွေ ဆုတ်ပြဲကုန်လိမ့်မယ် "
အားထားရတဲ့ယွီဟိုင်က ဒီလောက်ထိဂရုစိုက်မယ်လို့သူမ မထင်ထားခဲ့ဘူး။ သူ့သမီးငယ်လေးရဲ့ နူးညံ့တဲ့ခြေထောက်တွေက ကြမ်းတမ်းတဲ့မျက်နှာပြင်ကို မခုခံနိုင်ဘူးလို့ သူကတွေးနေခဲ့တယ်။

သူမရဲ့ရှေ့ကလှပတဲ့မြင်ကွင်းကို မိန်းမောနေတဲ့ ယွီရှောင်ချောင်းက တွေဝေနစ်မောနေတာကနေ နိုးထလာပြီး ဖိနပ်ကိုပျော်ရွှင်စွာစီးခဲ့တယ်။ ဖိနပ်တွေက အနည်းငယ်ကြီးနေပေမယ့်လည်း သူတို့ကဝတ်လို့ရနေတုန်းပါပဲ။ သူမက တခြားလူတွေအတိုင်း ကျောက်တန်းတဝိုက်မှာစေ့စေ့စပ်စပ်ရှာဖို့ ငုံ့လိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now