အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း

3K 376 18
                                    

[Unicode]

အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း

သူ အဲ့အချိန်တုန်းက သူ့ရဲ့ကြင်နာတတ်တဲ့ ပထမဇနီး အမျိုးသမီးလျိုမှာ အားနည်းတဲ့ ခန္ဓာကိုယ်ရှိနေပြီး သူတို့က အင်မတန် ဆင်းရဲနေခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။ သို့ပင်မယ့် သူမက သူမရဲ့ ဝမ်းကွဲညီမနဲ့ ဝမ်းကွဲညီမရဲ့ကလေးကို ကျေနပ်စွာနဲ့ လက်ခံပေးခဲ့တယ်။ အစပိုင်းမှာ အမျိုးသမီးကျန်းက အိမ်အလုပ်တွေ အားလုံးကိုလည်း ဒိုင်ခံလုပ်ပေးပြီး သူ့သားနဲ့သမီးကို သူမရဲ့ သားအရင်းကို ဆက်ဆံတာထက် ပိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်။ ဒါ့အပြင် သူမက အိပ်ရာပေါ်လဲနေတဲ့ သူမရဲ့ ဝမ်းကွဲအစ်မကိုလည်း အကောင်းဆုံး ဂရုစိုက်ပေးခဲ့တယ်။ သူက ဒါကြောင့် ဘာကိုမှ မပြောပဲ တစ်နေ့လုံး အပြင်ထွက် ငါးဖမ်း ပင်လယ်စာစုရင်း အိမ်ရဲ့ဝင်ငွေကိုသာ ထောက်ပံ့ပေးနေခဲ့တယ်။

အမျိုးသမီးကျန်းရဲ့ ယုယုယယနဲ့ ဂရုစိုက်မှုတွေအောက်မှာ အမျိုးသမီးလျိုရဲ့ အခြေအနေက တိုးတက်လာပြီး သမားတော်ကတောင် သူမက နောက်ဆုံး ဆေးညွှန်းနှစ်ခုသောက်ပြီးရင် သူမက လုံးဝ ပြန်ကောင်းလုနီးပါး ဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့တယ်။ သို့သော်လည်း သူမ ဆေးဝါးနှစ်ဖုံ သောက်ပြီးသွားတဲ့နောက် သူမရဲ့ဖျားနာမှုက ပြန်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်မိခဲ့။
အိမ်က တန်ဖိုးရှိတဲ့ ပစ္စည်းအားလုံးကို ရောင်းလိုက်ရတဲ့အပြင် တတ်နိုင်တဲ့သူတွေဆီကလည်း ငွေချေးခဲ့ရသေးတယ်။ အမျိုးသမီးလျိုဟာ ဆေးဝါးတွေ ဆက်သောက်နေပေမယ့် ပြန်ကောင်းမလာခဲ့။ သူမ ခန္ဓာကိုယ်ဟာ နဂိုကတည်းက အားနည်းတာမို့ လအနည်းငယ်လောက်သာ တောင့်ခံနိုင်ခဲ့ပြီး မကြာခင်မှာပဲ သေခြင်းတရားက သူမဆီ ရောက်ရှိလာတော့တယ်။

အမျိုးသမီးလျို သေဆုံးပြီးမကြာခင်မှာပဲ သူက သူ့အိမ်မှာ အမျိုးသမီးလစ်လပ်နေတာ မကောင်းဘူးလို့ ခံစားလာရတယ်။ အဲ့အတောအတွင်း အမျိုးသမီးကျန်းက အလွန် အလုပ်ကြိုးစားပြီး သူ့ကလေး နှစ်ယောက်ကိုလည်း ကောင်းမွန်စွာ ဆက်ဆံတယ်။ ဒါကြောင့် သူက သူမကို ဒုတိယဇနီးအနေနဲ့ ယူလိုက်တယ်။ အစပိုင်းမှာ သူမက မိသားစုထဲက လူတွေအကုန်လုံးကို မျှမျှတတ ဆက်ဆံတယ်။ သို့ပေမဲ့ တတိယသား မွေးပြီးတဲ့နောက် အမျိုးသမီးကျန်းရဲ့ စိတ်သဘောထားက စတင် ပြောင်းလဲလာတယ်။ သူမရဲ့သား ကျောင်းသွားဖို့ ထွက်သွားတဲ့အချိန်မှာ ပြောင်းလဲမှုက အသိသာဆုံးပင်။ အမျိုးသမီးကျန်းက အလွန်အမင်း ကပ်စေးနှဲလာပြီး ကြေးဒင်္ဂါးအကုန်လုံးကို သူတို့ တတိယသား ကျောင်းလခပေးဖို့အတွက် စုဆောင်းတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now