အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)

3.3K 419 0
                                    

[Zawgyi]


သို့ပေမယ့် ကျိုးကျီရွှီက သူ့သူငယ်ချင်းရဲ့ကောင်းကျိုးကို ဘယ်လို ယူနိုင်မှာလဲ။ သူက

"ဒါက အဆင်မပြေဘူး ငါ့ရဲ့ ကျိန်ရှုံစားသောက်ဆိုင်က မင်းဆီက နေအများကြီး အကျိုးအမြတ် ရခဲ့ပြီးပြီလေ ရှောင်ချောင်းရဲ့... မင်းရဲ့ဖော်စပ်နည်းကို ငါ အလကား ဘယ်လိုယူနိုင်မှာလဲ။ မင်း ပိုက်ဆံယူဖို့ ငြင်းမယ်ဆိုရင် ကျိန်ရှုံစားသောက်ဆိုင်က ဝက်ခေါင်းသားနှပ်နဲ့ ဝက်နားရွက်ကို ဘယ်တော့မှ မရောင်းတော့ဘူး"

လျန်သုံးရာနဲ့ အလွန်အဖိုးတန်သော ကျောက်စိမ်းပြားကို ရပြီးနောက် ယွီရှောင်ချောင်းက စိတ်ကောင်းဝင်နေတယ်။ သူမက ဒီတစ်ကြိမ်မှာတော့ ရက်ရက်ရောရောပေးလိုက်မလို့ပေမယ့် ဒီလူကတော့ ကျေးဇူးတောင် မတင်ဘူးပဲ။ သူ့ကို ဖျောင်းဖျဖို့ကြိုးစားပြီးနောက် တတိယသခင်လေးကျိုးရဲ့ ခေါင်းမာမှုက အပြည့်အဝထွက်ပေါ်လာပြီး သူမကို အကျောက်အကန်ကို သဘောမတူခဲ့ပေ။

ကျိန်ရှုံစားသောက်ဆိုင်ရဲ့  ဆိုင်တာဝန်ခံက လူနှစ်ယောက် အကျပ်အတည်း ကြုံနေရတာကို တွေ့လိုက်တယ်။ သူ့သူဌေးရဲ့ ပင်ကိုစရိုက်ကို ကောင်းကောင်း သိတာကြောင့် ယွီရှောင်ချောင်းကို စတင် ဖျောင်းဖျလိုက်တယ်။

"မိန်းကလေးယွီ, ငါတို့ဆီကနေ ၃၀၀ လျန်ယူဖို့ ကသိကအောက် မဖြစ်ပါနဲ့။ တကယ်တော့ ငါတို့က စီးပွားရေးလုပ်ငန်းရှင်တွေပဲ။ မင်းရဲ့ ဟင်းချက်နည်းတွေကို သုံးပြီးတော့ ကျိန်ရှုံစားသောက်ဆိုင်က ပိုက်ဆံတွေ မကြာခင် ပြန်ရလာအောင် လုပ်နိုင်တယ်။ တကယ်ဆိုရင် အမြတ်က လျန် ၃၀၀ ထက်တောင် ပိုရနိုင်တယ် မင်း ဒီပိုက်ဆံတွေကို မယူရင် ဒါက ငါတို့အတွက် ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်"

တတိယသခင်လေးကျိုးက ပြတ်သားပြီး စိတ်ဆုံးဖြတ်ထားတာကို ယွီရှောင်ချောင်းက တွေ့လိုက်ရတယ်။ သူမက ခဏလောက်စဉ်းစားပြီးနောက် ပြောလိုက်တယ်

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now