အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )

3.3K 393 4
                                    

[Zawgyi]


ရှောင်လျန်သာ အနီးအနားရွာက နွားလှည်းအလာကို စောင့်မနေခဲ့ရဘူးဆိုရင် သူမ အသားနှပ်တွေ ရောင်းကုန်သွားပြီးလို့ အိမ်ပြန်ရောက်တာတောင် တော်တော်ကြာနေလောက်ပြီ။

ရှောင်လျန်ရဲ့အကူအညီနဲ့ဆိုရင် သူတို့ရဲ့ အသီးအရွက်တွေ ခူးတဲ့နှုန်းက သိသိသာသာ တိုးလာမှာပင်။ စောစောက အိမ်ထိန်းယောင် သူနဲ့အတူ သယ်သွားခဲ့တဲ့ ခြင်းတောင်းအားလုံးက အလွန့်အလွန့်ကို စားချင်စဖွယ်ကောင်းလှတဲ့ စိမ်းလန်းတဲ့ အသီးအရွက်တွေနဲ့ ပြည့်နေလေပြီ။

မိသားစုဝင်တွေက အသီးအရွက်တွေကို ခူးနေကြစဉ်မှာ အိမ်တော်ထိန်းယောင်က ယွီမိသားစုအိမ်ရဲ့ အနောက်ဘက်နဲ့ ကန်ပတ်ဝန်းကျင်ကို သွားကြည့်နေလေတယ်။ အဲ့ဒီမှာလည်း သုံး၊လေးမူလောက် ကျယ်ဝန်းတဲ့ အသီးအရွက်စိုက်ခင်းကို တွေ့လိုက်ရတယ်။ ထိုနေရာ၌ အသီးအရွက်စင်တွေပေါ်မှာ နွယ်တက်နေတဲ့ သခွားသီးတွေ၊ ပဲတောင့်ရှည်ပင် တွေရှိပြီး ခရမ်းသီးပင်တွေနဲ့ ငရုတ်သီးပင်တွေကိုလည်း အတန်းလိုက် သေသေသပ်သပ် စိုက်ပျိုးထားလေတယ်။ ဆလပ်ရွက်တွေနဲ့ မုန်လာဥပင်တွေလည်း ရှိသေးတယ်။ သို့သော်လည်း မုန်လာဥတွေက မြေအောက်ထဲမှာ ဖြစ်တာကြောင့် ဘယ်လောက် ကြီးတယ်ဆိုတာ မမြင်နိုင်ပေမဲ့ မုန်လာရွက်တွေကတော့ စိမ်းလန်းစိုပြည် နေလေတယ်။ ဥယျာဉ်ရဲ့ လေးဘက်လေးတန် ခြံစည်ရိုး ပတ်ပတ်လည်မှာ စိမ်းပြာရောင်သန်းနေစေတဲ့ သစ်သားတိုင်တွေကို နွယ်တက်လျက်ရှိသော ပဲပုစွန်သီးပင်တွေနဲ့ ဟင်းနုနွယ်ဝင်အပင် တစ်မျိုးတို့လည်း ရှိတယ်။ ဒါ့အပြင် သူမသိတဲ့ အသီးအရွက်တွေလည်း ရှိနေသေးပြီး သူ့ကြည့်လိုက်တဲ့ နေရာတိုင်းက အသီးအရွက်တွေနဲ့ ပြည့်နေတော့တယ်...

(၁မူ () = ~၀၁၆၄၇၄ ဧက = ~၆၆၆.၇ စတုရန်းမီတာ)

ဒီအသီးအရွက်တွေအားလုံး မကြာခင်မှာခူးလို့ရလောက်ပြီလို့ သူယုံကြည်လေတယ်။ အဲ့ဒီအချိန်ဆိုရင် အခြားသူတွေရဲ့ အသီးအရွက်တွေက အညှောင့်သေးသေးလေးပဲ ရှိသေးလောက်မှာပင်။ အိမ်တော်ထိန်းယောင်က ပုံမှန်ရာသီမဟုတ်သေးတဲ့ တစ်လကျော်ကျော်လောက်မှာတောင် အသီးအရွက်တွေကို သူတို့ ရောင်းနိုင်ကတည်းက ယွီမိသားစုကို တော်တော်လေး သဘောကျနေမိတာ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now