[Zawgyi]
အခန်း ၁၅ (အကောင်းဆုံးဟင်းခတ်အမွှေးအကြိုင်)
ဆိုင်တာဝန်ခံကျောင်းက သူတို့ဆီကနေ ငွေချောင်းတွေကို အပြုံးလေးနဲ့ယူပြီးထွက်ခွာသွားခဲ့တယ်။ ခဏအကြာမှာ သူက ပြန်ထွက်လာခဲ့တယ်။ လက်တဖက်က မိုးကာဖျင်ကြမ်းနဲ့ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်ကို ကိုင်ထားပြီး နောက်တဖက်က ကြေးဒင်္ဂါးကြိုးတစ်စုံကိုင်ထားတယ်။
"ဒီအိတ်ထဲမှာ ငွေဒင်္ဂါးလေးလျန်ခွဲလောက်ရှိတယ် ငါ ကျန်တာတွေကို ကြေးဒင်္ဂါးကြိုးတွေယူလာတယ်" စားသောက်ဆိုင်စီမံခန့်ခွဲသူတောင်မှ သူတို့ကို သတိပေးခဲ့တယ်။
"မင်းဒီပိုက်ဆံတွေသိမ်းထားတာနဲ့ပတ်သတ်ပြီး ဂရုစိုက်ဦးနော် ဘယ်သူခိုးကိုမှ ဒီအိပ်ပေါ်ကိုမျက်လုံးမရောက်စေနဲ့"
"ကျေးဇူးပါ တာဝန်ခံကျောင်း"
ယွီရှောင်ချောင်းက ငွေတွေပြည့်နှက်နေတဲ့ အိတ်ငယ်လေးကို သူမရဲ့အဝတ်အစားတွေထဲ ဂရုတစိုက်ထည့်ထားခဲ့တယ်။ ပြီးတော့ သူမက သူတို့ရဲ့လာမယ့် ဈေးဝယ်ခရီးအတွက် ပြင်ဆင်ခြင်းမှာ သူမနဲ့သူမအစ်ကိုကြား ကြေးဒင်္ဂါးတွေကို အညီအမျှခွဲခဲ့တယ် ။ မောင်နှမနှစ်ယောက်မထွက်သွားခင် ငယ်တဲ့ကောင်မလေးက သူမရဲ့မြေအိုးအပဲ့လေးကိုပြန်ရဖို့ စားသောက်ဆိုင်ရဲ့ အနောက်ဘက် မီးဖိုချောင်ထဲကိုသွားခဲ့တယ်။
တချိန်တည်းမှာပဲ တင်ပို့လိုက်တဲ့ကမာတွေ ရောက်လာခဲ့တယ်။ မီးဖိုချောင်ထဲက စီးဆင်းနေတဲ့ ပင်လယ်စာပုံးတွေရဲ့မြင်ကွင်းက သူမကိုအံအားသင့်စေတယ်။ " ဝိုး " သူမက ထိတ်လန့်အံ့အားသင့်စွာပြောခဲ့တယ်။ "ကျိန်ရှုံ စားသောက်ဆိုင်က တကယ်ကိုအလုပ်ကြိုးစားကြတာပဲ တနေ့တည်းနဲ့ ဒီကမာတွေအားလုံးကို ရောင်းထွက်နိုင်တယ်လား"စားဖိုမှူးခေါင်းဆောင်ဝမ်က ကြင်နာစွာရယ်ခဲ့တယ်။
" ကံမကောင်းစွာပဲ ကမာတွေက ငါတို့လို ကမ်းရိုးတန်းမြို့အတွက် ရှားပါးတဲ့စားဖွယ်မဟုတ်ဘူး။ တနေ့တည်းနဲ့ ဒီကမာတွေအားလုံးရောင်းထွက်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ အခုဟာက တတိယသခင်လေးက လိုတာထက်ပိုပြီး ထပ်ဝယ်ထားပြန်ပြီနေမှာ။ ဒီစိတ်ရှုပ်စရာကောင်းတဲ့ သတ္တဝါလေးတွေက ပင်လယ်ထဲမှာမဟုတ်ရင် အသက်ရှင်ဖို့ခက်ခဲတယ်။ ပြီးတော့ အခုအရမ်းပူတယ်မလား။ အဲ့တာကြောင့် သူတို့ကို အကြာကြီးထားလို့မရဘူး။ သူတို့အများစုကို ကုန်ခြောက်အဖြစ်ပြောင်းလဲဖို့ လူတယောက်ယောက်ရှာတွေ့မယ်လို့ ငါထင်တယ်
YOU ARE READING
သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation)
Fantasyခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူးယဉ်၊ အချစ်ဇာတ်လမ်း၊ ဘဝအတွေ့အကြုံ အပိုင်းရေ - ၇၃၂ ပိုင်း မူရင်းရေးသားသူ - ကွေ့ဟွားချင်းယွီ ဘာသာပြန်ဆိုသူ - The 8Black Hands