[Zawgyi]
အပိုင်း၎ (သူမမှာ ကောင်းမွန်တဲ့ အဖေရှိတယ်)
လျိုမုယွမ် တံခါးဆီကိုသွားလိုက်တယ်။ ဒါပေမဲ့ သူမရဲ့စကားတွေကြားတော့ ခဏရပ်လိုက်တယ်။
သူမက အားကိုရာမဲ့နေတဲ့သူမရဲ့ခံစားချက်တွေကို အပြုံးလေးနဲ့ ဖုံးကွယ်လိုက်ပြီး ပြောလိုက်တယ်အဆင်ပြေပါတယ်ကွယ် သမီးက သွေးတွေ အများကြီးဆုံးရှုံးထားတာမို့ အာဟာရဓါတ်
ပြည့်ဝဖို့လိုတယ်လို့ သမားတော်ယိုကပြောတယ် မင်းအဖေက မင်းထိခိုက်တာသိတော့ စိတ်မကောင်းဖြစ်နေတာ အဲဒါကြောင့် ဒီမနက်စောစော ဦးလေးကျောက်နဲ့ အမဲလိုက်သွားဖို့ ပြောထားတယ် ။ သူတို့မကြာခင်ပြန်လာကြတော့မှာ ။ နေ့လည်ကျရင် ကြက်စွတ်ပြုတ်နဲ့ သမီးကြိုက်တဲ့ ကြက်ခြေထောက်စားလို့ရပြီတံခါးကကျွီခနဲမြည်ရင်း ပိတ်သွားပြီးတဲ့နောက် အခန်းက ထပ်ပြီးတိတ်ဆိတ်သွားတယ်။
ယွီရှောင်ချောင်းက ထထိုင်လိုက်ပြီး သူမခေါင်းက အနာကိုထိကြည့်လိုက်တယ်။
သူမမက်ခဲ့တဲ့ အိမ်မက်ကိုပြန်သတိရပြီး သူမလက်ကောက်ဝတ်မှာ ရောင်စုံကျောက်တုံးလေးချည်ထားတဲ့ လက်မောင်းကို ဆန့်ထုတ်လိုက်တယ် ။သိပ်ပြီးထူးခြားပုံမပေါ်တဲ့ သက်တန့်ရောင်ကျောက်တုံးလေးကို ညင်သာစွာလှုပ်ကြည့်လိုက်တယ်။
ငါ ဝိညဉ်ကူးပြောင်းလာတာ သေချာပါတယ်။ ဒါဆို ဒီကျောက်တုံးကို ဘယ်ကယူလာမိပါလိမ့်။
ခုဏက ငါ အိမ်မက်မက်နေတာပဲဖြစ်မှာပါ။ ဒါက အမှိုက် သာသာပါပဲလေ ဘယ်လိုလုပ်ပြီး အံ့ဖွယ်ကျောက်တုံးဖြစ်မှာလဲ လို့ သူမကိုယ်သူမ တီးတိုးပြောလိုက်တယ်။[မင်းကသာ အမှိုက်! မင်း တစ်မိသားစုလုံးကသာ အမှိုက်!]
ရုတ်တရက် ရောင်စုံကျောက်တုံးကနေ အလင်းတန်းလေးတစ်ခုထွက်လာပြီး ဒေါသထွက်နေတဲ့ ကလေးအသံလေးက ယွီရှောင်ချောင်းရဲ့ စိတ်ထဲကနေ ပေါ်ထွက်လာခဲ့တယ်။ သူမလန့်သွားပြီး သူမလက်ထဲက ကျောက်တုံးကိုတောင် လွင့်ပစ်မိမတက် ဖြစ်သွားတယ် ။
အလင်းတန်းလေးက တဖြည်းဖြည်းနဲ့ ကလေးလက်သီးဆုပ်အရွယ်ရှိတဲ့ ရွှေရောင်ဘောလုံးလေးအဖြစ်ပြောင်းသွားတယ်။ လေထဲမှာအေးအေးဆေးဆေး လွင့်မျောနေပြီး တောက်ပနေတဲ့အလုံးလေးပေါ်မှာ ကြီးမားတဲ့ မကျြလုံးဝိုငျးတဈစုံနဲ့ ပါးစပ်ပေါက်လေးတစ်ခုပေါ်လာတယ်။ အခု ဒီအရောင်ဖြာနေတဲ့ အလုံးလေးက
ချစ်ဖို့ကောင်းတဲ့မျက်နှာဖောင်းဖောင်းလေးနဲ့ ဒေါသတကြီး သူမကိုစိုက်ကြည့်နေတယ်။
YOU ARE READING
သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation)
Fantasyခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူးယဉ်၊ အချစ်ဇာတ်လမ်း၊ ဘဝအတွေ့အကြုံ အပိုင်းရေ - ၇၃၂ ပိုင်း မူရင်းရေးသားသူ - ကွေ့ဟွားချင်းယွီ ဘာသာပြန်ဆိုသူ - The 8Black Hands