အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း

2.5K 331 0
                                    

[Unicode]

အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း

သခင်မဖန်းက သူမမွေးစားသမီးရဲ့ နူးညံ့သေးကွေးတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ပြီး သူမရဲ့ နက်ရှိုင်းတဲ့ နှလုံးသားနေရာဆီက မိခင်စိတ်တွေ တိုးပွားလာတာကို ခံစားရတယ်။ သူမက ကလေးငယ်လေးကို ချော့မြှူနေတဲ့အတိုင်း ရှောင်ချောင်းရဲ့ပုခုံးကို အသာပုတ်ပေးလိုက်တယ်။ အစကတည်းက နည်းနည်း နားဖို့ စီစဉ်ထားတဲ့ ရှောင်ချောင်းလည်း သူမမွေးစားအမေရဲ့ ညင်သာစွာ ပုတ်ပေးမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့တယ်။

သူတို့ မြို့ထဲရောက်တဲ့အချိန်ထိ ရှောင်ချောင်းက အိပ်ပျော်နေတုန်းပင်။ ဒါပေမဲ့ သခင်မဖန်းက သူမကို မနှိုးရက်ပေ။ အဆုံးမှာ ရထားလုံးအပြင်ဘက်က လှည့်လည် ဈေးရောင်းချသံတွေကြောင့် အိပ်ပျော်နေတဲ့ ရှောင်ချောင်းတစ်ယောက် နိုးသွားခဲ့တယ်။ သူမက ထထိုင်လိုက်ပြီး သူမလက်သေးသေးလေးနဲ့ သူမ မျက်လုံးကို ပွတ်လိုက်တယ်။ သူမက အိပ်ချင်မူးတူးနဲ့ မျက်တောင်ခတ်လျက် သူမ ဘယ်ရောက်နေမှန်း မသိသလိုမျိုး မျက်နှာပေါ်မှာ တွေဝေတဲ့ပုံစံရှိတယ်။ တွေဝေနေတဲ့ ရှောင်ချောင်းကို ကြည့်လျက် သခင်မဖန်းရဲ့ နှလုံးသားက ရေကူးကန်တမျှ အရည်ပျော်သွားတယ်။

"အာ! သမီးတို့ မြို့ထဲတောင်ရောက်ပြီလား"

ရှောင်ချောင်းရဲ့ ထူးထူးကဲကဲ ပြူးကျယ်တဲ့ မျက်လုံးအစုံဟာ တဖန် တောက်ပလာတယ်။ သူမခေါင်းကို လှည့်လှည့်ချင်း သူမမွေးစားအမေရဲ့ အရှေ့ပိုင်းအဝတ်အစားပေါ်မှာ ဘာမှန်းမသိတဲ့ ရေကွက်ကို တွေ့လိုက်တယ်။ သူမက ဇဝေဇဝါနဲ့ မျက်တောင် နှစ်ခါခတ်လိုက်တယ်။ နောက်ဆုံးမှာ ထိုရေကွက်က ဘာလဲဆိုတာ စဉ်းစားမိတဲ့အခါမှာတော့ သူမ ချက်ချင်းပဲ ရှက်သွေးဖြာသွားတော့တယ်။

သခင်မဖန်းက သူမမွေးစားသမီး သူမအဝတ်အစားပေါ် စွန်းထင်စေခဲ့တဲ့ သရေစီးကြောင်းကို ခေါင်းငုံ့ ကြည့်ပြီးနောက် တည်ငြိမ်စွာပြောတယ်။

"ရပါတယ်... မွေးစားအမေ အဝတ်အစားအပို ယူလာတာမလို့ ဖရဲသီးဆိုင် အတွင်းခန်းထဲမှာ လဲဝတ်လိုက်ရင် ရတယ်"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now