အပိုင်း၅၅ (နှစ်သစ်ကူး)

2.7K 420 2
                                    

[Zawgyi]
အပိုင်း၅၅ (နှစ်သစ်ကူး)

ယွီရှောင်ချောင်းက အနာဂတ်မှာနာမည်ကြီးလာတော့မယ့် ဟင်းခတ်အမွှေးအကြိုင် ထုတ်လုပ်တဲ့စက်ရုံရဲ့ ရှယ်ယာဝင်တစ်ဦး ဖြစ်လာခဲ့တယ်။ ရှောင်ချောင်းဟာ သူမရဲ့မိဘကို ဘယ်လိုအကြောင်းပြပြီး အိမ်ထဲက အိမ်ပြင်ထွက်ရမလဲဆိုတာ အဖြေရှာနေခဲ့တယ်။ ဒီလိုထွက်မှပဲ သူမအဖေထောင်ထားတဲ့ ထောင်ချောက်တွေဆီ မှော်ကျောက်တုံးရည် သွားလောင်းလို့ရမှာကိုး။
အင်းးးး! ဒီလိုကျတော့လဲ စိတ်ပူတတ်တဲ့မိဘမျိုးရှိရတာ ကသိကအောက်တော့ဖြစ်မိသား!
နောက်ဆုံးတော့လည်း သူမ ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်မရခဲ့ပါဘူး။ အကြောင်းကတော့ သူမမိဘတွေ ခွင့်မပြုလို့မဟုတ်ဘဲ နှင်းမုန်တိုင်းကျလာခဲ့လို့ဖြစ်တယ်။ တောင်ပေါ်ရွာလေးတစ်ခုလုံးက ဖြူဖွေးပြီး ဆီးနှင်းတွေနဲ့ ပြည့်နေခဲ့တယ်။ ယွီမိသားစု အိမ်ဟောင်းရဲ့ ခေါင်မိုးတစ်ဝက်ကလည်း ဆီးနှင်းတွေကြောင့် ပျက်စီးသွားတယ်။ လူကြီးမင်းယွီရဲ့ ကြီးကြပ်မှုကြောင့် ယွီမိသားစုရဲ့ ညီအစ်ကိုသုံးယောက်တို့ နှင်းမုန်တိုင်းထဲ ခက်ခက်ခဲခဲ မွမ်းမံခဲ့လို့သာ အိမ်အိုကြီးကို လေးငါးရက်နဲ့အပြီး ပြန်ပြင်နိုင်ခဲ့တယ်။
လူကြီးမင်းယွီဟာ ငယ်ငယ်တုန်းက သူ့အဖေနဲ့စစ်ပြေးရင်း ဒီတုန်ရှန်းရွာကိုရောက်လာခဲ့တာ။
ဒီယွီမိသားစုနေတဲ့အိမ်ဟောင်းက တုန်ရှန်းရွာသားတွေရဲ့ အကူအညီနဲ့ ဆောက်ထားတဲ့
ရွှံနဲ့ကောက်ရိုးနှစ်ခုနဲ့ပဲ ရောထားသည့် တစ်ထပ်တိုက်အိမ်လေးဖြစ်သည်။ လူကြီးမင်းယွီအတွက်တော့ ဒီအိမ်ဟာ သူ့ရဲ့ဆုံးပါးပြီဖြစ်တဲ့ အဖေဖြစ်သူရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေခဲ့တာပေါ့။ ငယ်ဘဝအမှတ်တရတွေနဲ့လည်း ပြည့်နေတယ်ပြောရမယ်။ ဘာလို့ဆို ယွီမိသားစုရဲ့ သားသမီးလေးယောက်စလုံးကလည်း ဒီအိမ်မှာပဲ ကြီးလာကြတာကိုး။
ဒါကြောင့်မို့ ယွီမိသားစုက ခုအခန်းငါးခန်းရှိတဲ့ အိမ်သစ်ဆီကို ပြောင်းလာခဲ့ပေမယ့် သူ့ရဲ့အိမ်အိုလေးကိုတော့ ပစ်မထားခဲ့ရှာဘူး။ ဒီအိမ်အိုလေးဆီကို လူကြီးမင်းယွီက မကြာမကြာ အလည်လာလေ့ရှိပြီး အိမ်ကိုလည်း တစ်နှစ်တစ်ခါ ပြန်မွမ်းမံတာမျိုးတွေ လုပ်ခဲ့တယ်။ ဒီလိုတွေသာမလုပ်ခဲ့ရင် ဒီအိမ်ကခုဆို စွန့်ပစ်မြေလိုတောင် ဖြစ်နေလောက်ပြီ။
နှင်းတွေက အရမ်းကျနေတော့ ဒီနေ့တော့ တောလိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ယွီရှောင်ချောင်းတစ်ယောက် နှစ်သစ်ကူးမတိုင်မီ ပိုက်ဆံရှာဖို့လုပ်ထားတဲ့ အစီအစဉ်တွေတော့ နှောင့်နှေးကုန်ပါပြီ။ ဒါ့အပြင် နှစ်သစ်ကူးလည်းနီးလာပြီဆိုတော့ စားစရာတွေကလည်း ဈေးတွေတက်လာတယ်။ ဒါကြောင့်လည်း အဘွားကြီးကျန်းက တစ်နေ့တစ်နေ့ ဈေးဖိုးတွက်နေပြီဆို သက်ပြင်းတွေအလိမ့်လိုက် ချနေတော့တာပဲ။
ကံကောင်းစွာနဲ့ပဲ ဆောင်းရာသီဖြစ်တော့ တစ်အိမ်သားလုံး ဘာအလုပ်မှလုပ်စရာမလိုဘဲ အိမ်မှာသာ နားကြတယ်။ ဒါကြောင့် ဆောင်းတွင်းဆို ယွီမိသားစုက မနက်စာနဲ့ ညနေစာ နှစ်နပ်ပဲစားကြရတယ်။ မနက်ဆိုရင် ခြောက်ကပ်ကပ် ဘိန်းမုန့်၊ ညဆိုရင်တော့ စားချင်စရာကိုမရှိတဲ့ ပဲရည်ကျိုနဲ့ပဲ တစ်အိမ်လုံး နှစ်ပါးသွားကြရတယ်။ ဒါတင်မကပါဘူး။ ဂျုံမုန့်ကြမ်းနဲ့လုပ်ထားတဲ့ ဘိန်းမုန့်လေးကိုတောင် ဝအောင် စားခွင့်မရှိရှာပါဘူး။
ယောကျာ်းသားတွေကတော့ လက်ဖဝါးလောက်ရှိတဲ့ ဘိန့်မုန့်နှစ်ချပ်စီစားရတယ်။ မိန်းမတွေတော့ တစ်ချပ်စီပေါ့။ ဒါပေမယ့် ကလေးတွေအလှည့်ရောက်တော့ ဝေစုက ဖြည်းဖြည်းချင်းနည်းသွားတယ်။ ခုဆို အဖွားကြီးကျန်းက ယွီချိုင်သျဲ့ကိုတောင် ကြက်ဥခိုးပေးတာမျိုးမရှိတော့ဘူး။ သူတို့မိသားစုထဲက လူတွေက ဆယ်ယောက်ထက်မနည်းရှိပြီး ဆောင်းတွင်းဆိုတော့ အလုပ်လည်းလုပ်လို့မရတော့ ဘာဝင်ငွေမှမရှိ ဖြစ်နေတာပေါ့။ ဆောင်းတွင်းက အေးလည်းအရမ်းအေးလို့ အိမ်ကကြက်တွေတောင် အရင်လို သိပ်မဥနိုင်တော့ဘူး။ သူတို့တွေကလည်း အိမ်ထဲမှာ ထိုင်လိုက်စားလိုက်နဲ့မို့ ငွေတွေက ဖြည်းဖြည်းချင်း ထွက်နေတာပေါ့။ ဒီဗိုက်အလွတ်တွေကိုဖြည့်ဖို့ ပိုက်ဆံတွေဘယ်လောက်များ ဆက်ကုန်ရဦးမှာလဲ...
အဖွားကြီးကျန်းက ယွီဟိုင်နဲ့သူ့သမီးကို သောက်မြင်ကတ်တဲ့အကြည့်နဲ့ကြည့်ပြီး ယွီဟိုင်သာ သားကောင်တွေရောင်းပြီးရလာတဲ့ ပိုက်ဆံတွေကို ဒီသောက်ကျိုးနည်းကလေးဆေးဖိုးအတွက် မကုန်ခဲ့ရင် ခုဆိုတစ်အိမ်သားလုံး နှစ်သစ်ကူးပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် လုပ်လို့ရနေပြီ! ခုတော့ အဖြစ်က အစားကိုတောင် ခွဲတမ်းနဲ့ခွဲပြီး စားနေရတယ်!
ဒုတိယသား! နှစ်သစ်ကူးဖို့လည်း သိပ်တောင်မလိုတော့ဘူးပဲ... ဒီနေ့ နှင်းကျတာလည်းရပ်ပြီဆိုတော့ ဒီချိန်မှာ နှစ်သစ်ကူးမှာစားဖို့ လိုမယ့်အသားတွေ သွားဝယ်ထားရင် မကောင်းဘူးလား အိမ်မှာပြောင်းဆန်မှုန့်တွေ ကုန်ခါနီးပြီဆိုတော့ အဲ့တာဝယ်ခဲ့ဦး...ပိုရင်တောင်အိမ်မှာ သိုထားလို့ရတာပေါ့ ပြီးရင် ဖက်ထုပ်ကလဲ လုပ်စားဖြစ်ဦးမှာဆိုတော့ ဂျုံမုန့်နဲ့ အသားနှစ်လျန်ဖိုးလောက် ဝယ်ခဲ့လိုက် ..
အမျိုးသမီးကျန်းက ဟိုဟာဝယ်ဒါဝယ်နဲ့ လေနဲ့သာဝယ်ခိုင်းနေပြီး ပိုက်ဆံတော့ ထုတ်ပေးခြင်းမရှိချေ။
ယွီဟိုင်ကလည်း ရောပြီး သဘောတူတော့မလို့ပဲ။ သူ့သမီးက မြန်မြန်ဆန်ဆန်နဲ့ သူ့အင်္ကျီလက်ကို တစ်ချက်ဆွဲလိုက်တယ်။ ဒါနဲ့သူ သူ့သမီးကိုလှည့်ကြည့်လိုက်တော့မှ သူ့သမီးငယ်က မျက်စိနဲ့အချက်ပြနေတာကို သတိပြုမိသွားတယ်။ ယွီဟိုင်ကလည်း သူ့သမီးဘာကိုဆိုလိုချင်မှန်း တန်းသဘောပေါက်ခဲ့တယ်။ ယွီဟန်ဟာ နှစ်နှစ်ဆယ်လောက် သူတို့ပြောသမျှ မြေဝယ်မကျနားထောင်ခဲ့ပြီး အလိုက်တသိနဲ့ တန်းလုပ်ပေးခဲ့တဲ့ သားတစ်ယောက်ဖြစ်တယ်။ ဒါကြောင့်မို့ သူဟာ ပထမဆုံးအကြိမ် ငြင်းဆန်ဖို့ကိုတော့ တွန့်ဆုတ်လို့နေတယ်။
ဒါပေမယ့်လည်း သူ့သမီးငယ်ရဲ့ မျက်နှာငယ်အကြည့်လေးကိုမြင်တော့ လုပ်မယ်လို့ပြောခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို ပြန်တွေးမိသွားတယ်။ ဒါကြောင့် ယွီဟိုင်က
အမေ ကျွန်တော်မနက်ဖြန် အကြီးဆုံးဦးလေးဆီ စွတ်ဖားငှားသွားလိုက်မယ်.. ဒါပေမယ့် စားစရာဝယ်ဖို့ လိုတဲ့ငွေကိုတော့.
ငွေစကားပြောတော့ အမျိုးသမီးကျန်းရဲ့မျက်နှာ ရှုံ့မဲ့သွားတဲ့ပုံက မြည်းတောင်သူ့ကို အရှုံးပေးရမယ်ထင်တယ်။
အရင်ရက်တွေတုန်းက နေ့တိုင်းလိုလို မင်းမြို့ထဲဆင်းပြီး တောကောင်သားတွေ သွားရောင်းတယ်မလား။ နင်အဲ့တာတွေ ရောင်းတယ်ဆိုတော့ ပိုက်ဆံတွေတော်တော်စုထားမိမှာပေါ့.. အဲ့တာကိုဘာလို့ ကိုယ့်ပိုက်ဆံကိုယ်မထုတ်ဘဲ ငါ့ဆီလာတောင်းနေတာလဲ။ ဒီမှာဒုတိယသား ဒီအိမ်မှာ ဘယ်သူမှ ကိုယ်ပိုင်ငွေသိမ်းရတဲ့ ထုံးစံမရှိဘူးဆိုတာ သိထားတယ်မလား တစ်ယောက်မှဒီစည်းကမ်းကို ချိုးဖောက်လို့မရဘူး!
အဘွားရယ် အဲ့တောတွေတောင်တွေမှာလည်း နှင်းတွေထူပြီး အရည်တောင်မပျော်ကြသေးဘူး။ အဲ့ကြောင့် ဘာသားကောင်မှတောင် ရေရေရာရာ မဖမ်းမိခဲ့ပါဘူး... အဲ့ရက်တွေတုန်းက တကယ်ကို နည်းနည်းလေးပဲ ဖမ်းမိခဲ့တာ! ငွေဘယ်လောက်ပဲရလဲဆိုတာ အဘွားလည်းမြင်တာပဲ! နှစ်သစ်လည်း ရောက်ပြီဆိုတော့ အကြွေးကို အရင်ဆုံးသွားဆပ်ရမှာပေါ့... ဒါပေမယ့် အကြီးဆုံးအဘိုးလေးဆီမှာ ဆေးဖိုးအတွက် ချေးထားတာတွေကို ဆပ်ပြီးရင်တော့ ခုထပ်ကုန်ဦးမယ့် ဆေးဖိုးတွေအတွက် ပေးရမယ့်ငွေမရှိဘူး! တစ်ခုကံကောင်းတာက သမားတော်စန်းက သနားလို့ အဖေ့ကိုအကြွေးနဲ့ ဆေးဝယ်ခွင့်ပေးထားတယ်လေ! အဖေ... ဒီနှစ်သစ်ကူးပြီးတာနဲ့ တုန်းရန်ဆေးခန်းဆီမှာ တင်နေတဲ့ အကြွေးပုံ တစ်ဒါဇင်ကိုပြန်ဆပ်ဖို့ တောင်တက်ပြီး တောကောင်တွေများများသာ ရှာတော့နော်! အနာဂတ်မှာ ဖျားနာတာတွေအတွက် သမားတော်စန်းကို ဒီမိသားစုက လိုဦးမှာဆိုတော့
ရှောင်ချောင်းဟာ သူ့အဖေက ခုလိုတောင် အဖွားကြီးကျန်းရှေ့မှာ ငွေစကားတွေပါ ပြောလာနိုင်ပြီဆိုတော့ သူ့အဖေဟာ ဒီအတောအတွင်း အတော်လေးတိုးတက်လာတာကို သတိထားမိခဲ့တယ်။ ဒါကြောင့်လည်း သူကြားဝင်ပြီး ပြောစရာရှိတာကို ပြောချလိုက်တယ်။
တစ်ဒါဇင်တောင်မကတဲ့ လျန်တွေဟုတ်လား?
အဖွားကြီးကျန်း သွေးတက်ပြီး ရှောင်ချောင်းကို ဓားတစ်လက်လို ထိုးဖောက်တော့မယ့် သယောင်ရှိတဲ့ မျက်လုံးနက်တွေနဲ့ စိုက်ကြည့်လိုက်တယ်။ သူမသာ တတ်နိုင်ရင် ဒီငမွေထိုးမကို တစစီဆွဲစိပစ်တာ ကြာရောပေါ့။
ကျွတ် ! ဘာမှမဟုတ်တဲ့အဖျားကိုတောင် ဆယ့်နှစ်လျန်ထက်မနည်းကုန်တယ်ဆိုတော့ ဒီလိုဆို ငါတို့မိသားစုမှာ သူဌေးခန္ဓာနဲ့ လူတစ်ယောက်ရှိနေတာပဲ! သနားပါတယ်.. သူ့ခမျာ ငါတို့လိုငမွဲအိမ်မှာ လာဝင်စားခဲ့ရတယ်လို့ ပေါ်ကျော့နေရမယ့်ဟာကို ခုတော့ဘာစည်းစိမ်မှ မခံစားရဘဲနေရရှာတာပဲ အမလေးဟဲ့ လျန်နှစ်ဆယ်ဆိုတာ ငါတို့တစ်အိမ်လုံးရဲ့ တစ်နှစ်စာလောက်ကိုရှိတာ .. ကျွတ် ကျွတ်
အမျိုးသမီးလီ သူမလျှာကို တကျွတ်ကျွတ် စုပ်ထိုးလိုက်ပြီး မီးမွှေးလိုက်တယ်။
ယွီဟိုင်ဟာ သူ့သမီးသေခါနီးဖြစ်တုန်းက သူ့ရဲ့မိသားစု ခွဲခြားခွဲခြား ဆက်ဆံခဲ့တာတွေကို ပြန်မြင်ယောင်လာတယ်။ သူ့ကလေး ဖျားတာကိုကုခဲ့တုန်းက ယွီမိသားစုအနေနဲ့ ငွေတစ်ပြားတစ်ချပ်တောင် မချေးခဲ့ဖူးဘူး။ အဲ့လိုလုပ်ခဲ့တာတောင် ခုမျက်နှာပြောင်ထပ်တိုက်ပြီး သူတို့သရော်တာကို ထပ်သည်းခံနေရသေးတယ်ဆိုတော့ ယွီဟိုင်စိတ်ထဲ အတော်လေးတင်းသွားခဲ့တယ်။ သို့သော်သူ့အသံသူ ပြန်ထိန်းကာ
အကြီးဆုံးယောက်မအနေနဲ့ ငါ့သမီးရဲ့ဘဝကို ဘာအကြောင်းနဲ့မှ ဝင်စွက်ဖက်စရာမလိုဘူးထင်တယ်! ငါ့သမီးဖျားတုန်းက မင်းဆီက ငွေတစ်ပြားတောင် ထုတ်ပေးခဲ့ရလို့လား
အို! ခုတော့ နင့်ဒေါသက ငါ့ဆီကျလာပြီပေါ့! ဟုတ်ပါတယ် ငါ့က နင့်သမီးအတွက် တစ်ပြားမှမထုတ်ပေးခဲ့သလို ငါဆိုတဲ့ လီကွေ့ဟွားလို မိန်းမကလည်း နင့်ဆီက စားစရာသောက်စရာတွေအတွက် တစ်ပြားတောင် မတောင်းစားခဲ့ပါဘူးတော်... ဒါကိုများ နင်ကဘာအချိုးနဲ့ လာအော်ရဲရတာလဲ ဘာလဲ ငါက အားနည်းတဲ့ပုံပေါက်နေလို့ လာပြီး အနိုင်ကျင့်ချင်တယ်ပေါ့လေ
အမျိုးသမီးလီဘက်က ဆုံးစရာဘာအကြောင်းမရှိတော့ ခါးထောက်ပြီး စွာကျယ်စွာကျယ်လုပ်ကာ အာခံလိုက်တယ်။
ယွီဟိုင်လိုလူက အစတည်းကမှ ရန်ဖြစ်သန်သူမဟုတ်တော့ ဒီလိုငါးစိမ်းသည်မလို အမျိုးသမီးလီ ရန်စွာနေတော့ သူခမျာ ဘာဆက်ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။
ဒါကို ထပ်သည်းမခံနိုင်တော့တဲ့သူက ယွီရှောင်လျန်။
အကြီးဆုံးမရီးကလည်းနော် သူများကိုစောင်းနင်းပြောရမယ်ဆိုရင်တော့ အချိုးကတစ်မျိုး.. သူများပြောရင်ကျ တစ်စက်မှမခံချင်ဘူး.. တော်တော်တရားကျစရာကောင်းတဲ့ တွေးခေါ်မှုကြီးပဲနော်! ခုသမီးအဖေပြောခဲ့တာလဲ ဘာတွေများမှားနေလို့လဲ။ သမီးညီမလေးကိုဆေးကုဖို့ ငွေလိုတယ်။ ဒါကြောင့်အဖေ့အနေနဲ့ သူ့သမီး ဆေးဖိုးအတွက် ငွေတွေရှာတာ ဘာများဖြစ်နေလို့လဲ။ လျန်နှစ်ရာဆိုတဲ့ငွေတောင် ညီမလေးအသက်လောက်အရေးမကြီးတာ လျန်နှစ်ဆယ်လောက်ဆို ပြောမနေပါနဲ့တော့!
အဖွားကြီးကျန်းက ရှောင်လျန်ကို စေ့စေ့ကြည့်ပြီး သူ့လက်ထဲက တံမြက်စည်းနဲ့ ရှောင်လျန်ကို ပေါက်ထည့်လိုက်ကာ
လူကြီးစကားပြောနေတာကို ကလေးက ဘာလို့ ဖြတ်ပြောရဲရတာလဲ။ဒုတိယသား နင့်ကလေးတွေကို ဒီလိုပဲ သင်ပေးထားတာလား
ယွီရှောင်ချောင်းက အလန့်တကြား ထအော်ငိုလိုက်တယ်။
အဘွား ဘယ်လိုတောင်လုပ်လိုက်တာလဲ သမီးတစ်ယောက်တည်းကို အသည်းအသန် နေမကောင်းဖြစ်အောင် လုပ်ရတာမဝသေးလို့ သမီးအစ်မကိုပါ လာထိရတာလား။ အဘွားရဲ့ လုပ်ရပ်တွေကို သေချာပြန်သုံးသပ်ပါဦးလား! အကယ်၍ သမီးအစ်မသာ တစ်ခုခုဖြစ်ရင် အဘွားရဲ့ ခုရှိတဲ့ငွေကိုတောင် တဖို့ အချိန်ရလိုက်မှာမဟုတ်ဘူး
ငွေအကြောင်းပါလာရင် အဖွားကြီးကျန်း ဒေါသတွေတပြိုင်းပြိုင်းထလာပေမယ့် နောက်ခါဆိုရင်တော့ ကလေးတွေကို ဘာနဲ့မှရွယ်ရဲမှာ မဟုတ်တော့ဘူး။ ယွီဟိုင်က ကလေးတွေဆိုရင် ဆတ်ဆတ်ထိ မခံအောင်ချစ်တော့ အကယ်လို့ ကလေးတွေသာ နှစ်သစ်ကူးပွဲမှာ တစ်ခုခုဖြစ်ခဲ့ရင် သေချာပေါက် သမားတော်ပင့်မှာပဲ။ တကယ်လို့ သူ့မှာအကြွေးတွေ ထပ်နေရင်တောင် ရတဲ့နည်းနဲ့ကို သမားတော်နဲ့ ပြမယ့်သူဆိုတော့ အဘွားကြီးအနေနဲ့ တစ်ခုခုသာ မှားလုပ်မိရင် နောက်နွေဦးပြီးလို့ နွေလယ်ရောက်တောင် ယွီဟိုင်ဆီက ဘာငွေမှရလိုက်မှာ မဟုတ်ဘူးကိုး။
ဘေးနားက အသံဆိတ်စွာရပ်နေတဲ့ လူကြီးမင်းယွီလည်း နောက်ဆုံးတော့ ထပြောခဲ့တယ်။
အားလုံး တော်တော့.. ဒီလိုနှစ်သစ်ကူးတဲ့အချိန်မှာ သူများတွေလှောင်စရာဖြစ်မှာ မစိုးရိမ်ဘူးလား။ မိန်းမရယ် မင်းကလည်း ပိုက်ဆံမရှိတာလဲ မဟုတ်ဘဲနဲ့ .. ဒုတိယသားမှာရှိတဲ့ ငွေနည်းနည်းလေးကို စကားလုပ်ပြောမနေပါနဲ့တော့! မြန်မြန် ငွေထုတ်ပေးလိုက်ပါ.. နှစ်သစ်ကူးအတွက် အစားအစာတွေဝယ်ဖို့ အရေးကြီးတယ်မလား။
ကျွန်မရဲ့လက်ထဲရှိတဲ့ မစို့မပို့ငွေလေးက သူတို့သုံးဖို့ လောက်ရော လောက်ပါ့မလား
အဖွားကြီးကျန်းဆိုတဲ့သူဟာ အသားနာမှာထက် လက်ထဲက ငွေထွက်မှာကို ပိုကြောက်တဲ့သူမျိုး။
လူကြီးမင်းယွီ စိတ်ရှည်ပုံမရှိတော့ဟန်။
အမြဲတမ်း ငွေ ငွေ ငွေနဲ့... မိန်းမ နင်က ဒီငွေကို ပါးစပ်ထဲကကို မချဘူး! မင်းအတွက် ဒီကြေးဒင်္ဂါးပြားလေးက ကြိတ်ဆုံလောက်ကြီးကို ကြီးနေသလိုပဲ! နှင်းတွေ အရည်ပြန်ပျော်တဲ့အခါကျ ဒီငွေတွေပြန်ရှာလို့ရတာပဲ.. ဒီနှစ်သစ်ကူးပြီးရင် ငါနဲ့ အကြီးဆုံးသားက ပင်လယ်ထဲသွားပြီး ဒုတိယသားက တောင်ပေါ်မှာ အမဲလိုက်မှာပါ... အဲ့ကျရင် ဒီဆောင်းတွင်းမှာ ကုန်သွားတဲ့ငွေတွေ ပြန်ကာမိသွားမှာပါဟ
အမျိုးသမီးကျန်းကလည်း ဒီအခြေအနေကို မလွန်ဆန်နိုင်တော့လို့ ပါးစပ်နဲ့ပဲ ဗျစ်တောက်ဗျစ်တောက်လုပ်ရင်း ဗီရိုသော့ကိုဖွင့်လိုက်တယ်။ ပြီးနောက် ကြေးဒင်္ဂါးတစ်တွဲနဲ့ လက်သည်းခွံလောက်သာရှိတယ့် အကြွေစေ့တွေကို ထုတ်လာလိုက်တယ်။ ယွီဟိုင်အနေနဲ့ ဒီငွေတွေကို မဆင်မခြင် အကုန်ဖြန်းမိမှာလည်းစိုးတော့ သူမက
ခုချိန်မှာ အားလုံးကဈေးတက်နေတော့ အစားအစာတွေဆိုရင်လည်း ဇွတ် ဝယ်မလာခဲ့နဲ့ဦး.. အိမ်မှာ ကန်စွန်းဥအမှုန့်တွေလည်း ကျန်သေးတယ်.. ကန်စွန်းဥအမှုန့်နဲ့လုပ်ရင် ရင်ပူရင်ဆာဖြစ်ပေမယ့်လို့ အနည်းဆုံးတော့ နင်တို့ဗိုက်တွေပြည့်အောင် ဖြည့်ပေးနိုင်တာပေါ့! ဂျုံမုန့်နဲ့ အသားတွေကိုလည်း တစ်နပ်စာ ဖက်ထုပ်လုပ်ဖို့လောက်ပဲ ဝယ်လာခဲ့..
ယွီရှောင်ချောင်းက အဘွားကြီးလက်ထဲကငွေတွေကို ကြည့်ရင်း သူမပါးစပ်ဟာ ဆန့်ငင်ငင် ဖြစ်သွားတယ်။ စိတ်ထဲမှာတော့ သူမဟာ ငွေတွေလျှောက်သုံးရအောင်လည်း ပေးလိုက်တဲ့ငွေက ဘာမှတောင်မရှိဘူး.. ဒါကို တတွတ်တွတ်နဲ့ သူ့ခမျာ ချွေတာခိုင်းလို့ကို မပြီးနိုင်တော့ဘူး။
ယွီဟိုင် ငွေကိုယူပြီး အိမ်ထဲက တိုးတိုးတိတ်တိတ် ထွက်လာခဲ့တယ်။ ဒီနေ့က ထူးထူးခြားခြား နေထွက်လို့နေတယ်။ မြေကြီးပေါ်က နှင်းတွေက နွားသားပေါက်လောက်ကို ထူနေခဲ့ပေမယ့်လို့ နှစ်သစ်ကူးအတွက် လိုအပ်တာတွေဝယ်ဖို့ မြို့ကိုသွားကြမယ့်သူတွေ ရှိဆဲဖြစ်သည်။ နှင်းတွေ ရက်အတော်ကြာ ကျနေခဲ့တော့ လူတွေလည်း နှစ်သစ်ကူးပွဲအတွက် ဘာမှ မဝယ်ကြရသေးဘူးကိုး။ ဒါကြောင့် နေလေးထွက်တုန်းလေး လိုတာတွေ အပြေးလာဝယ်ကြတာပေါ့။ ယွီဟိုင်ရဲ့ အကြီးဆုံးဦးလေးက ဒီနေ့မြို့ထဲသွားဖို့ စီစဉ်ထားပြီးသား။ ဒါပေမယ့် ယွီဟိုင်တစ်ယောက် စွတ်ဖား လာငှားတော့ နေက နောက်နေ့တွေလည်း ထွက်ဦးလောက်မှာပါဆိုပြီး နောက်နေ့မှပဲ မြို့ထဲသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ယွီဟိုင်က အပိုတွေမဝယ်မိအောင် အစေ့အဆန်ရောင်းတဲ့ ဆိုင်ဆီကိုပဲ တန်းသွားခဲ့တယ်။ ဒီလိုနဲ့ ဆိုင်ရောက်တော့ ကျင်းငါးဆယ်လေးတဲ့ ပြောင်းဆန်မုန့်နဲ့ ဂျုံမုန့် ငါးကျင်းတို့ကို ဦးစွာဝယ်ခဲ့တယ်။ နောက်တော့ သားသတ်သည်ဆီသွားပြီး အသားနှစ်ကျင်းလောက် ဝယ်ခဲ့တယ်။ အဖွားကျန်းပေးတဲ့ငွေက မလောက်တော့ သူ့ထဲကပါစိုက်ပြီး ပေးခဲ့ရသေးတယ်။
လမ်းလျှောက်နေရင်း သူဟာ ကျိန်ရှုံစားသောက်ဆိုင်ရဲ့ ဆိုင်တာဝန်ခံနဲ့ ပက်ပင်းတိုးမိတယ်။ ဆိုင်တာဝန်ခံက ယွီမိသားစုထဲမှာ သူတို့သခင် တအားလေးစားရတဲ့ မိန်းကလေးရှိတာကိုသိတော့ ယွီဟိုင်ကို ပျူငှါစွာ နှုတ်ဆက်လိုက်တယ်။ ယွီဟိုင်တစ်ယောက် ရိုးရှင်းတဲ့ကုန်ကြမ်းတွေကိုပဲ ဝယ်လာတာတွေ့တော့ သူ ပေါင်မုန့်ဆိုင်က ဝယ်လာခဲ့တဲ့ မုန့်အချိုနဲ့ သကြားလုံးတွေကို သူ့တတိယသခင်လေးကျိုးက မိန်းကလေးယွီနဲ့ သူ့မောင်ငယ်လေးအတွက် ပေးခိုင်းထားတယ်လို့ဆိုကာ ယွီဟိုင်လက်ထဲ အတင်းအကျပ် ထိုးထည့်ပေးခဲ့တယ်။
ယွီဟိုင်က မြို့ထဲရောက်တုန်း အသားပေါက်စီတွေ ဝင်ဝယ်ပြီး သူ့သားလုပ်တဲ့ လက်သမားဆိုင်ဆီ ခဏဝင်ခဲ့တယ်။ သူ့သားအတွက် ကြေးဒင်္ဂါးအနည်းငယ်ကိုလည်း ပေးထားခဲ့တယ်။
ဒါပေမယ့် ယွီဟိုင်အနေနဲ့ မမျှော်လင့်ပဲ သူ့သားဟာ မိသားစုဆီက ရလာတဲ့ငွေတွေဆို သုံးဖို့တွန့်ဆုတ်နေတတ်ပြီး အဲ့အစား စုပဲစုနေခဲ့တာကို သတိပြုမိသွားတယ်။ ဘေးဒုက္ခအဖြစ်ခံပြီး ယွီဟန်ခမျာ အသက်တောင်ဆုံးတော့မလို ဖြစ်ခဲ့ရှာတာ။
ဒီလိုနဲ့ နှစ်သစ်ကူးနေ့ဟာ တဖြည်းဖြည်းနီးလာတယ်။ နှစ်သစ်ကူးအကြိုနေ့ရဲ့ မနက်ခင်းမှာတော့ အမျိုးသမီးလျိုက သူ့သမီးနှစ်ယောက်နဲ့ စားဖိုဆောင်ထဲ လုံးပမ်းနေခဲ့တယ်။ ယွီဟိုင်ဝယ်လာခဲ့တဲ့ အသားနှစ်ကျင်းက အဆီဖတ်တွေတော်တော်ပါတာမို့ အမျိုးသမီးလျိုက တော်တော်များများကို ဝက်ဆီလုပ်ဖို့ ဖယ်လိုက်တယ်။ ပြီးတော့ ညနေကျ ဖက်ထုပ်ထဲထည့်မယ့် အစာသွပ်လုပ်ဖို့ အဆီဖတ်အနည်းငယ်ကို ဂေါ်ဖီပါးပါးလေးတွေထဲ ထည့်နယ်ဖို့ ချန်ထားလိုက်တယ်။
ဆောင်းတွင်းဆိုတော့ ရာသီထွက်သီးနှံကလည်း မုန်လာဥဖြူနဲ့ ဂေါ်ဖီတွေပဲရှိတာကိုး။ ယွီရှောင်ချောင်းက နှစ်သစ်ကူးစားပွဲအတွက် ဟင်းချက်စရာ အလုံအလောက်မရှိမှာကို တွေးထားမိတော့ ကုတင်ရဲ့ဘေးနားမှာ ပဲပင်ပေါက်တွေကို ကြိုစိုက်ထားခဲ့တယ်။ ဒါ့အပြင် ရှောင်ချောင်းဟာ ကန်းစွန်းဥအမှုန့်နဲ့ လက်လုပ်ကြာဆံတွေကိုလည်း ကိုယ်တိုင်အသင့်လုပ်ပြီး ပြင်ဆင်ထားခဲ့တယ်။
ကန်စွန်းဥအမှုန့်နဲ့လုပ်ထားတဲ့ ကြာဆံကြောင့် သူ့တို့ရဲ့ နှစ်သစ်ကူးစားဝိုင်းလေးက နည်းနည်း ဖွယ်ဖွယ်ရာရာတော့ ရှိနေခဲ့တာပေါ့။ ဂေါ်ဖီနဲ့မုန်လာဥဖြူထည့်ချက်ထားတဲ့ ကြာဇံချက်၊ ဂေါ်ဖီချိုချဉ်ကြော်၊ မုန်လာဥဖြူနှပ်၊ မှိုနားရွက်ဂေါ်ဖီကြော်၊ ကြွပ်ယွတဲ့မုန်လာဥချဉ်အရံဟင်း၊ ပဲပင်ပေါက်အခြောက်ကြော်စသဖြင့်။ ဒါ့အပြင် ဝက်သားကို ပါးပါးလှီးပြီး ပဲပင်ပေါက်နဲ့ ကြာဆံရောချက်ကာ နောက်ထပ်ဟင်းတစ်ခွက်ကို ဖန်တီးခဲ့တယ်။ ဟင်းရည်အတွက်ကိုတော့ ဂေါ်ဖီနဲ့ ပဲပင်ပေါက်ကိုပဲ ထည့်ပြုတ်လိုက်တယ်။
ဟင်းပွဲတွေလည်းချရော အစားရွေးတဲ့ အဖွားကြီးကျန်းတောင် တော်တော်အံ့အားသင့်သွားခဲ့တယ်။ သူမအနေနဲ့ ဒီမုန်လာဥဖြူ၊ ဂေါ်ဖီ၊ ပဲပင်ပေါက်တွေနဲ့ ဒီလောက်ဟင်းလျာ များများစားစား ဖန်တီးနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူးလေ။
အရသာကလည်း အားလုံးရဲ့ပုံစံကို အကဲခတ်လိုက်တာနဲ့ ကောင်းမှန်းထင်ရှားနေတယ်။ ဘာလို့ဆိုအားလုံးက စကားတောင် မပြောတော့ဘဲ ခေါင်းမဖော်နိုင်အောင်ကို တွယ်နေကြတာကိုး။
လူကြီးမင်းယွီဟာ ကြာကြာမှတစ်ခါသာ အရက်ကိုသောက်ရတော့ သူ့သားသုံးယောက်ရဲ့ခွက်ထဲ အရက်ငှဲ့ပေးလိုက်ပြီး ကျေနပ်အားရမှုအပြည့်နဲ့
ဒုတိယချွေးမ ဟင်းချက်တာက ပိုတိုးတက်လာတာပဲ!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now