အပိုင်း ၁၂ (ကျိန်ရှုံစားသောက်ဆိုင်ရဲ့

3.4K 506 1
                                    

[Zawgyi]

အပိုင်း ၁၂ (ကျိန်ရှုံစားသောက်ဆိုင်ရဲ့ တတိယသခင်လေး)

တစ်ဖက်မှာတော့ တာဝန်ခံလျိုက ပစ္စည်းတွေကို စစ်ဆေးပြီး ပင်လယ်ခရုတွေရဲ့ အရည်အသွေးကြောင့် အတွင်းမှာကျိတ်ပြီး မူးမေ့မတတ်ဖြစ်နေတယ်။ သူက စိတ်ထဲမှာ အကြံတစ်ခုပေါ်လာပြီးတော့ မောင်နှမ၂ယောက်ကို ပြောလိုက်တယ်။

"ဒီပင်လယ်ခရုနည်းနည်းအတွက်နဲ့ မင်းတို့က ငါ့ကို ဒုက္ခပေးနေတာပဲ မင်းတို့အခြေအနေက သိပ်ကောင်းတဲ့မပေါ်တော့ ချွင်းချက်အနေနဲ့ ဒီပင်လယ်ခရုတွေအတွက် ငါ ကြေးပြား ၈၀၀ ပေးမယ်"

"ကြေးပြား ၈၀၀..." ယွီရှောင်ချောင်း နဲ့ ယွီဟန်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးတဲ့နောက် သူမက သူမနှုတ်ခမ်းတွေကို ရှုံ့တွလိုက်ရင်း တာဝန်ခံလျိုရဲ့ လက်ထဲကနေ ပင်လယ်ခရုတွေထည့်ထားတဲ့ မြေအိုးကို ပြန်ဆွဲယူလိုက်တယ်။

"တာဝန်ခံလျို ကျွန်မတို့ကို သူတောင်းစားလို့ ထင်နေတာလား?"

"ဘာကိုဆိုလိုတာလဲ" တာဝန်ခံလျိုက ကလိမ်ကကျစ်ကျတဲ့ လူယုတ်မာကြီးတစ်ယောက်လို မုတ်ဆိတ်မွှေးတွေကို လိမ်နေရင်း သရော်ပြုံးပြုံးလိုက်တယ်။

"ဒီလို ပင်လယ်ခရုတွေရဲ့ အရည်အသွေးနဲ့ဆိုရင် ငါပေးတဲ့ ပြေးပြား ၈၀၀ ကတော်တော်တောင်များနေပြီ မင်းတခြားနေရာမှာ ကြေးပြား ၆၀၀ နဲ့ ရောင်းနိုင်ရင်တောင် မင်းက ကျွမ်းကျင်တဲ့ ဈေးရောင်းသူလို့ပြောလို့ရတယ်"

ယွီရှောင်ချောင်းကသူ့ရဲ့ ခိုင်မာတဲ့အမူအရာကိုမြင်တော့ သူမစိတ်ထဲ မသေချာမရေရာဖြစ်လာတယ်။ သူမက ပင်လယ်ခရု ဈေးကွက်အကြောင်း ဘာမှမသိဘူး။ သူမကူကယ်ရာမဲ့စွာနဲ့ သူမအကြည့်ကို ယွီဟန်ဆီသို့ ပို့လိုက်တယ်။

ယွီဟန်က တာဝန်ခံလျိုရဲ့ တိုက်ခိုက်တာကို လုံးဝမခံစားရဘူး။ သူက သူ့ညီမငယ်လေးကို ချော့မြူတဲ့အပြုံးလေးပေးလိုက်ပြီးတော့
"စီးပွားရေးဆိုတာ နှစ်ဦးနှစ်ဖက်ဆန္ဒ အပေါ်မှာမူတည်တယ် ငါတို့က တာဝန်ခံလျိုရဲ့ ကမ်းလှမ်းချက်ကို စိတ်တိုင်းမကျဘူးဆိုတော့ ငါတို့သွားကြတာပေါ့"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now