အပိုင်း၈၈ (အဖေနဲ့သမီး)

3.8K 465 1
                                    

[Zawgyi]
အပိုင်း၈၈ (အဖေနဲ့သမီး)

ရှောင်ချောင်း မျက်နှာပြောင်တိုက်ကာ ကလေးသဖွယ် အလျင်အမြန် ပြုမူလိုက်တယ်။ သူမ အဖေဆီသွားပြီး သူ့လက်ကို လှုပ်ယမ်းရင်း
အဖေရယ်... သမီး မပင်ပန်းသေးဘူး! ပြီးတော့လည်း ငါးဖမ်းဖို့ ငါးစာတွေကိုလည်း ပြင်ပြီး ရေကန်ထဲထည့်ရဦးမယ်။ ကျန်တာတွေအကုန် အဖေလုပ်လို့ရတယ်... အဖေက ဒီရွာက အတော်ဆုံး တံငါသည်တွေထဲက တစ်ယောက်ဆိုတော့ သမီးထက် ငါးတွေ ပိုလို့ကို ဖမ်းမိဦးမှာ! သွားရအောင် သွားရအောင်နော်! သမီးတို့ ငါးတွေထပ်ဖမ်းပြီး နောက်ဖေးက စည်ပိုင်းထဲ ထည့်ထားရအောင်လေ... အဲ့တာဆို မနက်ဖြန်နေ့လယ်ကျရင် ငါးချဉ်တွေ များများလုပ်ပြီး ရောင်းလို့ရတာပေါ့!

ယွီဟိုင့်ခမျာ သူ့သမီးရဲ့ ချွဲသံကို မလွန်ဆန်နိုင်တော့။ အဲ့တာနဲ့ အမျိုးသမီးလျိုမသိအောင် ရှောင်ချောင်းကို နောက်ဖေးလမ်းကနေ ရေကန်ဆီကို တိတ်တိတ်လေး ခေါ်သွားလိုက်တယ်။ နောက်ဖေးလမ်းဟာ အိမ်ရှေ့ကလမ်းလိုတော့ ချောမနေခဲ့။ နောက်ဖေးဝန်းဟာ ဝါးတွေ သစ်ကိုင်းတွေနဲ့ ခြံရံထားတယ်။ ခြံစည်းရိုးမှာတော့ အလွယ်တကူသွားလာနိုင်ဖို့ နောက်ဖေးပေါက်လေးတစ်ခု ဖောက်ထားတာဖြစ်တယ်။

ရှောင်ချောင်းဟာ ပဲဂျုံမုန့်နဲ့ ဟင်းရွက်ဆီတွေကို နယ်ပြီး ငါးစာဖြစ်အောင် အတုံးသေးသေးလေးတွေ တုံးလိုက်တယ်။ ရှီထုန်လေးက ငယ်သေးတော့ သိပ်ပြီး အထာမနပ်သေးပေမယ့် သူမအဖေဟာတော့ သိပ်ကိုကျွမ်းကျင်တဲ့ တံငါသည်တစ်ဦးလေ... သူမက အံ့ဖွယ်ကျောက်ရေနဲ့ ငါးမျှားတယ်ဆိုတာကိုတော့ သူမအဖေကို ပေးသိလို့ မဖြစ်ဘူး။

သူမအခန်းထဲကနေပြီး ရောင်စုံကျောက်တုံးထည့်ထားတဲ့ မြေအိုးလေးကို ယူလာခဲ့လိုက်တယ်။ ရွှေဝါရောင်ကြောင်ငယ်လေးက မြေအိုးကို မှီရင်း ကျောဆန့်နေလေတယ်။ အံ့ဖွယ်ကျောက်တုံးလေးက သူမကိုမြင်တော့ စိတ်တိုလျက်
[ဒါဘာလုပ်တာလဲ? ယုံတောင် မယုံနိုင်ဘူး... ဒီလို အဖိုးတန်တဲ့ အံ့ဖွယ်ကျောက်တုံးရေကို မင်းမို့ ငါးမျှားဖို့ သုံးရတယ်လို့.. ကောင်းကင်ဘုံရဲ့ လက်ဆောင်ကို မင်းမို့ ပေါ့ပေါ့တန်တန် သုံးရက်တယ်! မင်းတော့ မိုးကြိုးပစ်ခံရတော့မှာပဲ!]

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now