အပိုင်း ၁၉၅ - ဝိညာဉ်

Start from the beginning
                                    

ယွီရှောင်ချောင်းက အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သက်သေစာရွက်ကို သိမ်းထားလိုက်ပြီး အဘွားကြီးကျန်းကို သာမန်ကာလျှံကာပဲ ပြောလိုက်တယ်

နောက်နောင် သမီးတို့မိသားစုနဲ့ အဘွားက ဘာမှ မသက်ဆိုင်တော့တာမို့ တွေ့ခဲ့ရင်တောင် တစ်ယောက်နဲ့ တစ်ယောက် မသိသလိုပဲ နေပေးပါ! သမီးတို့လည်း အဘွားကို ဘာအနှောင့်အယှက်မှ ပေးမှာ မဟုတ်လို့ သမီးတို့ရဲ့ ငြိမ်းချမ်းတဲ့ အသိုက်အမြုံလေးကိုလည်း အေးအေးချမ်းချမ်းနေခွင့်ပြုပါ... တကယ်လို့သာ အရင်ကလို ပြဿနာတစ်ခုခုရှာခဲ့ရင်တော့ အာဏာပိုင်တွေနဲ့ သွားတွေ့ကြရုံပဲ!

တံခါးနားမှာ မူးလဲကျသွားတဲ့ ယွီချိုင်သျဲ့လည်း သတိပြန်လည်လာတယ်။ သူ့အမေ လုပ်ခဲ့တဲ့ မကောင်းတဲ့ကိစ္စကို ကြားတော့ အဘွားကြီးကျန်းရဲ့ လက်မောင်းထဲမှာပဲ တရှုံ့ရှုံ့ ငိုကြွေးနေရှာတယ်။ အဘွားကြီးကျန်းလည်း သူ့သမီးကို တင်းတင်းဖက်ထားပြီး ခေါင်မိုးနား ဝဲနေတဲ့ လူပုံစံဝိညာဉ်တစ်ခုကို ခေတ္တခဏမျှ ကြည့်နေလိုက်တယ်။ သူမဟာ ကြောက်ရွံ့မှုတွေကြောင့် ခိုက်ခိုက်တုန်လို့နေတယ်

ငါ အပြစ်ရှိကြောင်း ခံဝန်ချက်ရေးပြီးပြီဆိုတော့ သာ့ဟိုင် မင်း... မင်းအမေကို ပြန်လို့ရပြီလို့ မပြောသေးဘူးလား

ယွီဟိုင်လည်း ဝမ်းနည်းကြေကွဲစွာနဲ့ အဘွားကြီးကျန်း မျက်နှာမူနေတဲ့နေရာဆီ လှမ်းကြည့်လိုက်ပေမဲ့ ဘာကိုမှတော့ မမြင်ရ။ သူ့အမေဆုံးတုန်းက သူက ရှီထုန်လောက်အရွယ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ နှစ်ပေါင်းနှစ်ဆယ်တောင်ကျော်ပြီဆိုတော့ သူ့ရင်ထဲ အမှတ်ရနေတဲ့ သူ့အမေမျက်နှာလေးကလည်း တစ်ခုခုနဲ့ ကွယ်နေသလို ယေးတေးတေးပဲ ရှိတော့တယ်။ ခုအဖွားကြီးကျန်းမြင်ရသလို သူလည်းပဲ သူ့အမေ မျက်နှာလေး မြင်ချင်မိတယ်။ သူသာ မြင်ခွင့်ရမယ်ဆိုရင် သူ့အမေရဲ့မျက်နှာလေးကို ရင်ထဲမှာ တံဆိပ်ခတ်ပြီး သိမ်းထားပစ်လိုက်မှာ။ ဒါပေမဲ့ အမေက သူ့ကိုကျ ဘာလို့ ကိုယ်ထင်မပြရတာလဲ? သူမကို သတ်ခဲ့တဲ့သူကို နှစ်နှစ်ဆယ်လောက် အမေတော်နေခဲ့လို့ အပြစ်တင်နေတာလား? ရင်ထဲ မချိတင်ကဲ ခံစားနေရတာတွေက မျက်ရည်အဖြစ် ဖြည်းဖြည်းချင်း စီးကျလာတယ်

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now