💰 Special Extra 💰

3.6K 162 3
                                    

"အား ယုန်စုတ်ကြီးနာပါတယ်ဆို
ဖြေဖြေးလုပ်ပါဟ"

"ကိုလည်းဖြည်းဖြည်းလုပ်နေတာပဲ ထယ်ရာ ထယ်ဟာကကြပ်နေတာကို"

"အ့ မရတော့ဘူး
နီရဲနေပြီ "

"ဝင်ခါနီးပြီ ထယ်နည်းနည်းကျုံ့ထားကြည့်"

"မရတော့ပါဘူးဆို ဒီငါ..."

"ဟ ထယ်နော်
မဆဲတော့ဘူးဆိုပြီးတော့"

"မင်းမှမခံရတာ မင်းကပြောနိုင်တာပေါ့
အ့ အ့ မရတော့ဘူးတော်ပြီ ယုန်စုတ်"

"ဝင်တော့မှာမရဘူး ထယ်သည်းခံထား
ထယ်ပဲဒါကိုကြိုက်တယ်ဆိုပြီးတော့"

"အရင်ကကြိုက်တယ်
အခုကကြပ်နေတော့မကြိုက်တော့ဘူး
တော်ပြီ အသစ်ပဲဝယ်တော့မယ်"

ထယ့်အကြိုက်ဆုံး ရှူးဖိနပ်လေးကိုအားကြိုးမာန်တက် နှစ်ယောက်သားဝတ်နေခြင်းပင်။

ထယ်ကကုတင်ပေါ်ထိုင်ကာ ဂုဂီကတော့ ကုတင်အောက်မှာဒူးထောက်ကာ ထယ့်ခြေထောက်တွေကို ထိုဒူးပေါ်တင်ထားလေသည်။

ဖိနပ်ကသေးနေပြီမို့ ခြေထောက်ကကောင်းစွာမဝင်တော့ပေ။

ထယ့်ခြေတွေကသွယ်သွယ်လေးတွေမို့ ကျုံ့ထားရင်ဝင်လောက်မယ်ထင်ထားတာ အခုတော့စီးမရတော့ပေ။

ထယ်ကသူ့ခြေထောက်တွေနီနေပြီမို့ ဒေါသကဟိုးငယ်ထိပ်...

ခုတခါလက်ထပ်ပြီးနောက်ပိုင်း ထယ်ကသိပ်လှချင်လာသည်။

ချွဲလည်းချွဲသေး။

ကလေးတယောက်လို ဟိုဟာပူဆာ၊ဒီဟာပူဆာနှင့် ဂုဂီအတွက်တော့ချစ်မဝနိုင်အောင်ပင်။

သားဂျုံးဂုကလည်း သူ့ပါပါးမှပါပါးဖြစ်နေသည်မို့ ထယ့်အတွက်ကတော့သာသာယာယာပင်။

နားရက်တွေမှာ ယောကျာ်းဖြစ်သူကိုအချိန်ပေးမည်မရှိ အမြဲသားနဲ့ဆော့ရင်ဆော့၊မဆော့ရင် ယောက်ခမတွေအိမ်ကိုအလည်သွားတတ်သေးသည်။

ယွန်ဂျန်(ခ)ဒိုယောင်းကလည်း သူ့အကိုတခွန်းဆိုတခွန်းပင်...

ဒီကြားထဲ ပတ်ဂျီမင်ကတမှောင့်။

လက်ထပ်ပြီးကတည်းက ထယ်ကအရင်ကထက်ပိုအလုပ်ရှုပ်လာသည်မို့ နှစ်ယောက်သား တွေ့ရချိန်ကသိပ်မရှိသလို ဟိုဒင်းဟိုဝှာကလည်း ဘာဆိုဘာမှမဘာရသေး။

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now