🗑️Episode 4🗑️

3.1K 205 0
                                    

*ပါပါးကအာ့လောက်လှပြီး အလိုက်သိတတ်တာဘာလို့ ဒယ်ဒီကကွာရှင်းခဲ့တာလဲ*လို့မေးချင်ပေမယ့် မမေးဖြစ်ခဲ့ပေ။

~ Chewing Gum {PK} ~

ဂျောင်ဂု သားဖြစ်သူတောင်းဆိုထားသည့်အတိုင်း သားပါပါးအိမ်သို့ ကားကိုမောင်းနှင်နေခြင်းပင်...

Ring Ring!!

"ဟယ်လို"

*ဂျုံးဂုလား*

"ဟုတ်ဦးဦးဂျီ"

*သားအခု သားပါပါးဆီနေတာလား*

"ဟုတ်တယ်ဦးဦးဂျီရဲ့"

*ဦးဦးဂျီ ဘာဝယ်ခဲ့ရမလဲ ဦးဦးဂျီလည်း သားရဲ့ပါပါးဆီလာနေတာ*

"မဝယ်နဲ့တော့ ဦးဦးဂျီ အရင်ရောက်အောင်သာလာ ဂိမ်းအတူဆော့ကြမယ်"

*ဟုတ်ပါပြီဗျ
ဒါဆိုဦးဦးဂျီတို့မကြာခင်တွေ့မယ်နော်
ဘိုင့်*

"ဟုတ် ဘိုင် ဘိုင်"

ဂျုံးဂု လည်းဖုန်း screen ကိုကြည့်ကာပြုံးမိလိုက်သည်။

ဦးဦးဂျီဟာ ပါပါးအပေါ်လည်းကောင်းပေးခဲ့သလို ဂျုံးဂုအပေါ်လည်းကောင်းပေးခဲ့သည်။

ပျော်ပျော််ရွှင်ရွှင်နေတတ်သလို ပါပါးကိုဆိုသိပ် စ တတ်သေးတာ...

ပါပါး အ‌ပေါ်အခွင့်အရေးလည်းမယူခဲ့သလို ပါပါးကိုပျော်အောင်ဖန်တီးပေးတတ်သေးသည်။

ဦးဦးဂျီနဲ့ဆို ‌ဂျုံးဂုသဘောတူပါသည်။

ခက်တာကပါပါး!!

ပါပါးက အာ့လိုအကြောင်းတွေပြောရင်မကြိုက်...

ဂျုံးဂုမှာ ပါပါးနဲ့ဦးဦးဂျီကိုအဆင်ပြေစေချင်ပေမယ့် ပါပါးလိုအချေကအရမ်းချေရုံမက ရေခဲတုန်းကြီးဖြစ်နေလေသည်။

ထိုအကြောင်းတွေးမိတော့ ဂျုံးဂုနှုတ်ခမ်းက အလိုလိုပြုံးပြီးသား...

"သား ဘာတွေသဘောကျနေတာလဲ"

"အော်
မဟုတ်ပါဘူး ဒီတိုင်း ဟီး"

"အွန်းပါ"

"ဟိုလေဒယ်ဒီ"

"ပြောလေသား"

"ဘာမှမဟုတ်တော့ပါဘူး"

*ပါပါးကအာ့လောက်လှပြီး အလိုက်သိတတ်တာဘာလို့ ဒယ်ဒီကကွာရှင်းခဲ့တာလဲ*လို့မေးချင်ပေမယ့် မမေးဖြစ်ခဲ့ပေ။

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now