🗑️Episode 2🗑️

3.4K 197 0
                                    

ဒီနေ့အတွက် လည်းကျေးဇူးပါဒယ်ဒီ...

ပန်းစီးကိုစားပွဲပေါ်မှာပဲတင်ထားလိုက်ပါ...

သားပန်းချီဆွဲနေလို့ ခဏတော့ကြာမယ်ထင်တယ်...

ထမင်းစားချိန်သားဆင်းလာခဲ့ပါမယ်...

ဒယ်ဒီပြန်လာတာကို ထွက်မကြိုဖြစ်လို့ တောင်းပန်ပါတယ် ဒယ်ဒီ...

ဒယ်ဒီလည်းအလုပ်တွေကြောင့်ပင်ပမ်းနေလောက်ပြီ....

ချစ်တယ်ဒယ်ဒီ....

~ Chewing Gum {PK} ~

"ပြန်လာပြီလား မောင်"

အိမ်သူသက်ထားလေးမှ လက်ထဲကအိတ်ကိုအလိုက်တသိလာယူကာမေးလေသည်။

"သားရော"

"စာကြည့်နေတယ် မောင်
ခုနကတော့ အောက်ထပ်ဆင်းလာပြီး စတော်ဘယ်ရီဖျော်ရည်ဖျော်ခိုင်းနေတာတွေ့တယ်"

သားကစတော်ဘယ်ရီဖျော်ရည်သောက်တတ်သည်က ပန်းချီဆွဲသည့်အချိန်ပဲရှိသည်မို့ သားပန်းချီဆွဲနေသည်ဆိုတာ ဂျောင်ဂုအတတ်သိလိုက်ပေသည်။

သား၏ကိုယ်ပိုင်အခန်းကိုသားကိုယ်တိုင်ပြင်ဆင်ကာ သော့တွေကိုလည်းအထပ်ထပ်ထားပေသည်။

လက်ဗွေတွေကအစသူတယောက်သာအသုံးပြုရန်ထားသည်။

သားသည်မည်သို့ပင်အရေးကြီးသော်ငြား ထိုအခန်းကိုသော့ပိတ်သွားဖို့မမေ့လျှော့ခဲ့ပေ။

သန့်ရှင်းရေးကိုတောင်။သားကကိုယ်တိုင်သန့်ရှင်းရေးလုပ်သည်။

ဂျောင်ဂုတောင်ထိုအခန်းကိုတခါမှမဝင်ဖူးသလို အထဲမှာ သားကဘယ်လိုပြင်ဆင်ထားသည်ကိုတောင်ဂျောင်ဂုကိုပေးမသိခဲ့ပါချေ။

"အော်"

"မောင်ပင်ပမ်းနေပြီလား"

"နည်းနည်းပါ"

"ယွန်အာ ပဲပန်းစီးကိုသားဆီသွားပို့ပေးရမလား"

"ရတယ် ရတယ်
တော်နေကြာသားက စိတ်ကောက်နေဦးမယ်"

"ဒါဆိုမောင်ရေချိုးဖို့ အဝတ်တွေအသင့်ထုတ်ထားလိုက်မယ်နော်"

"အွန်း"

ဂျောင်ဂုလည်း သားအခန်းဆီတက်လာလိုက်သည်။

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Onde histórias criam vida. Descubra agora