🗑️Episode 17🗑️

3K 177 3
                                    

"ရပါတယ် ဂျီကတော့ထယ့်ကိုချစ်တာမှန်ပေမယ့် မပိုင်ဆိုင်ရလည်းဖြစ်တယ်သိလား?ထယ့်ဘေးနားမှာ လိုက်ကပ်‌ နေရရင်အဆင်ပြေပီ ဟဲ ဟဲ"

"ဟုတ်ပါပြီ တသက်လုံး ဂျီကထယ့်အတွက် အကောင်းဆုံး။
ထယ်ကလည်းအမြဲ ဂျီဘက်ကပဲ"

"ထယ်ကလေ တကယ့်ကိုစကားအတတ်လေး"

~ Chewing Gum {PK}~

"သားငယ် နေလို့ကောင်းတယ်မလား"

"အွန်း အမေ
ဒါနဲ့အဖေက"

"ဘာလဲ မင်းကငါ့သားမလုပ်ချင်တော့လို့လား"

"မ မဟုတ်တာအဖေရယ်
ထယ်ကို ခွင့်လွှတ်ပေးလို့ ထယ်က‌အံ့ဩနေတာပါ"

"တကယ်ဆို အဖေ့ဘက်ကလည်း လွန်သွားခဲ့တယ်လေ"

"မဟုတ်ပါဘူး ထယ်ကသာ..."

"သားငယ်"

"ဗျာ"

အဖေရဲ့"သားငယ်"ဆိုသည့်ခေါ်သံကို ၈နှစ်အကြာမှ ပြန်ကြားရသည်မို့ ထယ်မျက်ရည်ကျမိသည်။

အဖေက ထယ့်ကိုသူ့ရင်ခွင်ထဲထည့်ကာဖက်ထားကာ ငယ်ငယ်ကလို ထာ့်ကျောကိုပုတ်ပေးသည်။

"အဖေတို့အရင်ကအကြောင်းတွေလည်း ဖြစ်ပြီးသွားပြီမို့ ယခုလက်ရှိမှာ အကောင်းဆုံးနေကြရအောင်"

"ဟုတ်ကဲ့ပါအဖေ"

"အော် ဒါနဲ့မြေးလေး ဂျုံဂုလာခဲ့ဦး"

ကိုကို့ပေါင်ပေါ်‌တွင် ထိုင်ကာ ထယ်တို့သားအဖကိုမျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်နေသော သားဂျုံးဂုကအမြန်ပင်ပြေးလာလေသည်။

"မြေးလေး သားရဲ့ပါပါးကိုဂရုစိုက်ရမယ်နော်"

"ဟုတ်ဖိုးဖိုး သားကပါပါးကိုအများကြီးချစ်တာ"

"အော် ဒါနဲ့အဖေ သားရဲ့ဒယ်ဒီကဘယ်လိုလုပ်..."

"အော် ဂျောင်ဂုလား
ဟုတ်တယ် မြေးလေးမျက်နှာကြောင့် သူ့ကိုအဖေတို့အခွင့်အရေးထပ်ပေးလိုက်တာ"

"ထယ် ကိုလည်းဘာမှမတိုင်ပင်ကြဘဲ ဘယ်လိုလုပ်သူနဲ့အဖေတို့ကအဆင်ပြေသွားရတာတုန်း"

"သားငယ်သတိမေ့နေတုန်းကတည်းက ပြုစုချင်လို့ဆိုပြီးလာခွင့်တောင်းတာ။
အဖေတို့လည်း လွယ်လွယ်နဲ့ဘယ်ခွင့်ပေးမလဲ။
တရက်လုံးလုံး ဆေးရုံရှေ့မှာ ဒူးထောက်ခိုင်းထားတာ။
အာ့နောက်သူ့ကို သားငယ်ကိုပြုစုဖို့အခွင့်အရေးပေးလိုက်တာ"

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Où les histoires vivent. Découvrez maintenant