🗑️Episode 5🗑️

3.1K 186 0
                                    

ထယ့် ပါးစပ်က "ဂုဂီ"ဆိုသည့်နာမ်စားလေးကြောင့် လူမှာတဝက်နဲ့တင် လှုပ်ရှားမှုမပြုရသေးဘဲပြီးချင်ချင်...

ထိန်းထားလိုက်ကာ ထယ့်ကိုချော့ပြောရပေမည်...

မရတော့ဘူး အရမ်းလိုချင်နေပြီ...

~Chewing Gun{PK}~

ဂျွန်ဂျောင်ဂု၏ ကားလေးဟာ မြို့ထဲလမ်းမပေါ်တွင် ငြင်သာစွာပြေးလွှားနေလေသည်။

သားလေးကိုသူ့ပါးပါးဆီပို့ပြီး စိတ်တွေကတခုခုကိုအလိုမကျသလိုလို ဝမ်းနည်းနေသလိုလို...

မီးနီနေသည်မို့ ကားကိုရပ်လိုက်သည်။

ကားမှန်ချကာ လေပူတွေမှုတ်ထုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့...

LED မီးကြီးများနှင့် Screen ပေါ်တွင် သားလေး၏ပါပါးပုံရိပ်ကြောင့် ဂျောင်ဂုငေးကြည့်နေမိလေသည်။


အရမ်းလှလွန်းသလို တည်ကြည်လှပသည့်မျက်နှာထား...

စူးရှသည့်အကြည့်တွေ...

လိုက်ဖက်လွန်းလှသည့်အပြင်အဆင်ဝတ်စားဆင်ယဥ်မှု...

ကျစ်လစ်သော ကိုယ်လုံးကိုယ်ထည်....

တည်ငြိမ်သော မျက်ဝန်းတစုံ...

မှင်သက်စွာငေးကြည့်ကာ စာတန်းတွေကိုဖတ်ကြည့်မိတော့...

*ဟုတ်သားပဲ သားလေးပါပါး မွေးနေ့တောင်‌နီးနေပြီပဲ*

ဟူး!!

ဂျောင်ဂုစိတ်ဝိဉာဉ်ကအတိတ်ဆီသို့...

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

ဒီနေ့ကထယ့်မွေးနေ့...

နေ့ခင်းဘက် ထယ့်အိမ်မှာပါတီကျင်းပသည်မို့ ထယ်က ဂျောင်ဂုကို ညနေပိုင်းအချိန်ပေးလေသည်။

အခုဆို ထယ်နှင့်ဂျောင်ဂု က ဂျောင်ဂုတိုက်ခန်းမှာ TV ကြည့်နေကြသည်။

ထယ့်ပေါ်ပေါ်မှာ ဂျောင်ဂုခေါင်းလေးကအသာလေးအုံးထားကာ ထယ့်ကိုအောက်ကနေ မော့ကြည့်နေခြင်းပင်...

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now