🗑️Episode 10🗑️

3K 207 0
                                    

"ဂျုံးဂုဒယ်ဒီပါ တခါတည်းဝင်စားသွားလေဗျ"
"ကျနော်တို့လည်း Ent ကိုသွားရမှာမို့ သားကိုမနက်စာစားပီးပြန်ခေါ်သွားပေါ့ဗျ"

ဂျောင်ဂုမှင်သက်နေမိသည်။

စကားကို အေးဆေးစွာပြောသွားသောသူ...

ကျနော်လို့ပြောကာ ယဉ်ကျေးစွာပြောသွားသောသူ..

~ Chewing Gum {PK} ~

ဂျောင်ဂုပထမဆုံးဦးတည်မိသည်က ပန်းဆိုင်...

ကျွီ!!

ဆိုင်ကပိတ်နေချေပြီ။

ဟုတ်သားပဲ ည၁၀နာရီတောင်ထိုးနေပြီလေ။

"ဒီညတော့ပါပါးကိုခွင့်လွှတ်မယ်မလားသား"

ဂျောင်ဂုမျက်ရည်တွေစီးကျနေချေပြီ။

သားဂျုံးဂုအတွက် သူပန်းစီးဝယ်ပေးလာသည်မှာ 4 နှစ်တောင်ရှိချေပြီ။

သူ့အတွက်တော့ သားမှာနေကျပန်းစည်းဟာ တာဝန်တခုလို့မှတ်ယူမထားသလို ပင်လည်းမပင်ပမ်းပါ။

တစုံတယောက်သူ့ဘဝထဲကမရှိခင်ကတည်းက ဒီပန်းတွေကိုမေ့ထားတာမဟုတ်လား?

သားအတွက်သာသူ ဒီပန်းတွေကိုပြန်ထိ‌ တွေ့လာခဲ့သည်မဟုတ်လား?

သူ့အတွက် ဒီပန်းအပေါ်သူမ‌ ပြောသလိုအရင်ကလိုစိတ်တွေရှိမနေခဲ့တော့ပါ။

သူဒီလောက်ဆင်ဆင်ခြင်ခြင်နေပေးတာတောင် သူမကအခုထိမယုံကြည်နိုင်ဖြစ်နေတာတော့ သူစိတ်ကုန်မိသည်။

သူမစကားတွေက တဖြည်းဖြည်းဘောင်ကျော်လာပြီမို့ ဒေါသထွက်တာထက် သတ်တောင်သတ်ပစ်ချင်မိသည်။

စိတ်တွေရှုပ်လွန်းသည့်ကြောင့် အိမ်လည်းမပြန်ချင်တော့ပါ။

MC club သို့သာကားကိုဦးတည်လိုက်တော့သည်။

သူမူးရင်သားကလာခေါ်နေကျမဟုတ်လား?

Club ရောက်တော့ အရက်ပျင်းတွေပဲ အတော်သောက်ပြစ်လိုက်သည်။

တဖြည်းဖြည်းလူတွေကို 5ထပ်ကွမ်းလောက်မြင်နေရချေပြီ။

ခေါင်းမထောင်နိုင်တော့သည်မို့ ခုံပေါ်သာမှောက်ချလိုက်သည်။

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now