🗑️Episode 9🗑️

2.8K 195 0
                                    

ဒီအချိန်မှာ ဂျောင်ဂုသူမကို သတ်ချင်လောက်သည်အထိဖြစ်နေလေပြီ။

"မင်း...မင်း..."

"ဘာလဲ ရှင့်အကောင်ကြိုက်တဲ့ပန်းမို့ရှင်ကနှမြောတသနေတာလားဟမ်"

"မင်း$ပါးစပ်ပိတ်ထား"

"သားရှိလို့ ဒီပန်းစည်းတွေကိုအိမ်ထဲအသွင်းခံနေတာ နမို့ဆို့ အာ့ပန်းစုတ်တွေကို ကျမကသေလောက်အောင်ဖျက်စီးချင်တယ်"

~ Chewing Gum {PK} ~

အိမ်ရှေ့ကကားသံကြောင့် ယွန်အာ အောက်ထပ်ကိုပြေးဆင်းလာလိုက်သည်။

ည 9 နာရီတောင်ရှိနေပြီမဟုတ်လား?

"မောင်
နောက်ကျလိုက်တာ"

"အွန်း"

"ဂျုံးဂုရော"

ဂျောင်ဂုမပြောချင်ပါ။

အခုချိန် သူမစွပ်စွဲလာမည့် စကားတွေကိုပြန်ချေပချင်စိတ်မရှိ။

ဒါ့ကြောင့်ပဲ ညနေကတည်းက ဟန်မြစ်မှာသွားပြီးအချိန်ဖြုန်းနေဖြစ်ခြင်းပင်။

"သားရောလို့ မောင်"

"သူ့ပါပါးဆီကျန်ခဲ့တယ်"

"ဘာ"

ဂျောင်ဂုလည်းမသိချင်ယောင်ဆောင်ကာ အိမ်ထဲဝင်၍ ဆိုဖာပေါ်ပစ်လှဲလိုက်သည်။

သားတောင်းဆိုနေကျ ဒေစီပန်းစီးကြီးကိုစားပွဲပေါ်ချထားလိုက်သည်။

သားက ညနေကသူ့ပါပါးနဲ့အိပ်ရမယ်ဆိုတော့ ဘယ်လောက်တောင်ပျော်နေလိမ့်သလဲ?

"ဒီနေ့အတွက်လည်းကျေးဇူးပါ"ဆိုပြီး ပန်းစည်းအတွက်ကျေးဇူးတင်စကားလဲမပြော..

ပန်းစည်းကိုလည်း မေ့နေသည်ထင်..

ဒါ့ကြောင့်ပဲသူ အလိုက်တသိအိမ်ပဲပြန်ယူလာကာ သားအခန်းထဲထည့်လိုက်မည်ပင်...

"ဘာလို့ထားခဲ့ရတာလဲ မောင်"

ဂျောင်ဂုဆိုဖာကို နောက်ကျောမှီ၍ခေါင်းမော့ကာ မျက်စိမှိတ်ထားရာမှ မျက်လုံးများဖွင့်ကာ..

"ဘာဖြစ်လို့လဲ"

"ကျမမသိဘူးမထင်နဲ့နော် ရှင့်ကိုအာ့အကောင်ကကလေးဗန်းပြပြီးပြန်ခေါ်ချင်နေတာသိလား"

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now