🗑️Episode 14🗑️

3K 206 0
                                    

"ဒယ့်ဒီ့အမှားတွေပါသားရယ်
ဖြူစင်တဲ့သားပါပါးကို ဒယ်ဒီ့ဘဝထဲခေါ်ခဲ့မိလို့"

"ဒယ်ဒီက ပါပါးကိုတကယ်မချစ်ခဲ့ဖူးမလား?စိတ်ကစားရုံပဲ ရင်ထဲမှာရှိခဲ့ပုံပဲ"

"အရင်ကအကြောင်းတွေကို ဒယ်ဒီတို့ပြန်မပြောကြရင်ကောင်းမယ်သားရယ်"

~Chewing Gum{PK}~

ဂျောင်ဂုလည်း ဒီနေ့ရုံးသွားချင်စိတ်မရှိတာကြောင့်အိမ်တွင်သာငြိမ်နေမိသည်။

ယွန်အာကလည်း သူ့အမေအိမ်ကိုသွားသည်မို့ ဂျောင်ဂုနားအေးရပေသည်။

သားကလည်း အမေတို့အိမ်က ပြန်လာပြီးကတည်းက တပါတ်လုံး ထမင်းစားယုံကလွဲပြီး အောက်ကိုဆင်းမလာချေ။

ကျောင်းလဲမတတ်ချင်သေးဟုဆိုကာအခန်းအောင်းနေလေသည်။

ဂျောင်ဂုလည်း သားကိုအေးအေးဆေးဆေးနေပါစေဟုတွေးကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။

ဂျောင်ဂုလည်းပျင်သည်ကြောင့် TV ခလုတ်ကိုဖွင့်လိုက်သည်။

ဖွင့်ဖွင့်ချင်း သတင်းနှင့်တိုးသည်မို့ ကျော်ရန်ပြင်လိုက်ချိန် သတင်းတခုကြောင့် ဂျောင်ဂုလက်တို့လေထဲမှာ ရပ်တန့်သွားသည်။

🎬ကိုရီးယားတနိုင်ငံလုံး၏သဲသဲလှုပ် အချစ်တော်အဆိုတော်၊မော်ဒယ်နှင့်သရုပ်ဆောင် V ဟာ ယမန်တပါတ်ကမနက်5နာရီ55မိနစ်အချိန်မှာ အကြီးစားယာဉ်တိုက်မှုတခုဖြစ်ခဲ့ပါသည်။

ထိုယာဉ်တိုက်မှုဟာကြီးမားလွန်းတာကြောင့် အခုအချိန်ထိ Vဟာ သတိပြန်လည်မရသေးပါဟု Ji Ent ကတဆင့်သိရပါတယ်ရှင်။

အခုလက်ရှိမှာတော့ Vကို Kim Family ပိုင်ဆေးရုံတွင် Private VVIP Roomတွင်ဆေးကုသမှုခံယူလျက်ရှိပါသည်။

ထိုယာဉ်တိုက်မှုဟာသွေးရိုးသားရိုးမဖြစ်နိုင်သည်ကြောင့် ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်းအသိပေး ကြေငြာအပ်ပါသည်။

V၏ ပရိတ်သတ်များကလည်း ဝမ်းနည်းကြေကွဲနေကြကာ နေ့စဉ်နေ့တိုင်း Kimဆေးရုံရှေ့သို့ လက်ဆောင်များလာပေးလျက်ရှိကြပါသည်။

V ပြန်လည်သတိလည်လာဖို့ကိုလည်း ပရိတ်သတ်များကဆုတောင်းပွဲများလုပ်ကာဆုတောင်းပေးလျက်ရှိပါသည်။

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now