🗑️Episode 18🗑️

2.8K 156 0
                                    

ထယ်တို့အဝတ်လဲခန်းထဲကပြန်ထွက်မလာသေးသည်ကြောင့် ဂျီလည်းသွားကြည့်ရန် ခြေလှမ်းပြင်လိုက်သည်။

ဟထားသော တံခါးကြောင့် ဂျီ့ခြေလှမ်းတွေရပ်တန့်သွားသည်။

ထယ်က ယွန်ဂျန့်အပေါ်ပိုင်းဗလာကိုဖက်တွယ်ထားသည်။

~ Chewing Gum {PK}~

"ကဲ ဂျီရေ
၉ နာရီတောင်ထိုးနေပြီ ထယ်တို့ပြန်တော့မယ်"

"အွန်းထယ် ဂျီလည်းတော်နေကြာပြန်လာခဲ့မယ်"

"ဟုတ်ဂျီ
ဒါဆို ယွန်ဂျန့်ကိုသွားခေါ်ဦးမယ်"

အ့!!

ခွမ်း!!

"ဟယ် ယွန်ဂျန် အအေးတွေမှောက်ကုန်ပြီ "

ယွန်ဂျန်ကနောက်ကအလာ ထယ်ကပြန်အလှည့်နှင့် ယွန်ဂျန်ကိုင်လာသော အအေးဖန်ခွက်မှာ "ခွမ်းကနဲ".....

"‌ထယ်မမြင်လိုက်လို့ ယွန်ဂျန်ရေ"

"ကျနော်ကအသံမပေးမိလို့အကို့ကိုထိမိတာပါ"

"မဟုတ်တာ မင်းအဝတ်တွေစိုကုန်ပြီ
ကဲ အဝတ်သွားလဲဦး
ပြီးရင်ပြန်ရအောင်"

"ဟုတ်ကဲ့"

ယွန်ဂျန်လည်းအဝတ်လဲခန်းထဲ ဝင်သွားတော့ ထယ်လည်းမနက်ဖန်အတွက် အဝတ်တွေရွေးရန် ယွန်ဂျန်နောက်သို့ လိုက်သွားလေသည်။

ဂျီ ကတော့ ကွန်ပျူတာတလုံးနှင့် အလုပ်တွေထဲခေါင်းစိုက်နေလေရဲ့..

ချွင်!!

ချွင်!!

ချွင်!!

ထယ့်ခြေထောက်နားသို့ လိမ့်လာသောအရာပိစိလေးတခု...

ထယ့်ဖိနပ်နားရောက်တော့ ထိုအရာလေးကတိကနဲရပ်သွားသည်။

ထယ်လည်းကောက်ပြီးကြည့်လိုက်တော့....

"ဟင် လက်စွပ်လေး"

"ဟို အကို
ကျနော့ဆွဲကြိုးကပြုတ်သွားတာ"

ယွန်ဂျန်က အအေးတွေစိုနေသော အပေါ်ဝတ်တွေကို ချွတ်နေရင်းကမန်းကတမ်းပြေးလာသည်။

သူ့အတွက်ဒီလက်စွပ်လေးကအရေးကြီးသည်မဟုတ်လား?

ထယ်က သူ့အိပ်ကပ်ထဲတခုခုနှိုက်နေသလို...

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now