🗑️Episode 16🗑️

3.2K 189 5
                                    

"ကောင်းပြီလေ ဂုဂီ အဲ...."

အော် ထယ့်ပါးစပ်ကလဲမြန်တာ
တော်နေကြာ ထယ့်ကသူ့ကိုပြန်စိတ်ပါတယ်ထင်နေမှ...

အဲ အဲ ထယ်ကပြန်စိတ်ပါ‌နေတာမဟုတ်ဘူးနော် အဟမ်း...

ယောင်ပြီးထွက်သွားတာ ..

~ Chewing Gum {PK} ~

ဒီနေ့ဆို အခြေအနေတွေတည်ငြိမ်သွားသည်မှာ 3 လပင်ရှိနေချေပြီ။

တရားခံတွေကလည်း ယခင်အပြစ်တွေရော လက်ရှိအပြစ်တွေကိုပါခံယူနေကြလျက်ရှိပေသည်။

သူတို့ကိုယ်တိုင်ကလည်း ဝန်ခံခဲ့ကြပေသည်။

ယခင်ကအကြောင်းမှားတွေကြောင့် Mr.kimတို့မိသားစု ကိုအထင်လွဲ၍ လိုက်နှောက်ယှက်မိခဲ့သည်ကို ယခုအမှန်တရားတွေသိသွားတော့ သူတို့ဘက်ကလိုလိုချင်ချင်တောင်းပန်လာပေသည်။

အပြစ်မရှိသည့်သူတွေကို အသက်သေစေနိုင်မှုအထိဖြစ်ခဲ့သည်ကြောင့် အနူးအညွတ်တောင်းပန်လာသည်။

ထယ့်အိမ်ထောင်ကွဲခြင်းကလည်း သူတို့ကြောင့်သာဖြစ်ကြောင်းဝန်ခံခဲ့သည်။

သားသားကိုသတ်သည့်အမှုကိုလည်း ဝန်ခံခဲ့သည်။

အာ့ဒီ့ထဲမှာ သားဖြစ်သူဂျွန်ဂျောင်ဂုက မြေစာပင်ဖြစ်ခဲ့ခြင်းပင်။

ထိုအကြောင်းတွေအားလုံး ဂျွန်ဂျောင်ဂုတယောက် အမိန့်ချသည့်နေ့မှသိရခြင်းပင်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"ထယ် ကိုတောင်းပန်ပါတယ်.....
ထယ့်အပေါ်ကို ကတကယ်မကောင်းတဲ့သူပါ...
ထယ်ပြန်လာရင် ကို့ကို သတ်ချင်လည်းသတ်ပါရတယ်.....
ထယ်ကိုလွမ်းလှပြီ......
စကားတွေအများကြီးလည်းပြောစရာရှိတယ်....."

"သားလေးကလည်းထယ့်ကိုအရမ်းလွမ်းနေပြီသိလား ထယ်"

"ထယ့်ကိုမယုံကြည်ခဲ့မိလို့
အိမ်ထောင်ကျပြီးကတည်းက ကို့ အိမ်မှာ ဘယ်လောက်တောင်စိတ်ဆင်းရဲ့စွာနေရမလဲ ကို မစဉ်းစားခဲ့မိဘူး"

ဒီနေ့တော့ အဖြူရောင်ကုတင်‌ ပေါ်မှလူသားလေးက အဝါနုရောင်လက်ရှည်ဝမ်းဆက်လေးနှင့်။

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now