စာစဉ်(13)အပိုင်း(134)

596 36 0
                                    

Lengends of spring goddness

အပိုင်း(13)

သူမက အရမ်း....

မသိတတ်တာပဲ

ရဲတင်းလွန်းတယ်

စည်းကမ်းမရှိဘူး

ရိုင်းစိုင်းတယ်

ိပြီးတော့

နဲနဲလေးချစ်ဖို့ကောင်းနေတာကလွဲရင်

ဘာမှကောင်းကွက်မရှိဘူး

ဒါ‌ပေမဲ့

သူကတော့ ဆက်ချစ်နေမိတုန်းပဲ

"အာ ဟဲ့မပြေးနဲ့လေ ရှောင်လျို့လျို့ လာစမ်း "

မပြောမဆိုနဲ့ပြေးသွားတဲ့ သစ်ပင်အိုကြီးကို လိုက်ဖမ်းနေတဲ့ ရှောင်ရှောင်က နောက်ဆုံးတော့ ရှောင်လျို့ဇီကို ဖမ်းမိသွားပါတယ်

အမ်း သူတို့ဘာဆက်ဖြစ်သွားမလဲဆိုတာကတော့ သူတို့ပဲသိလိမ့်မယ် 

ကျန်တာကတော့ သူမလဲ မပြောပြတတ်တော့ဘူး

နောက်တစ်ယောက်ကတော့ရန်ကျင်း

ရန်ကျင်းကလဲ သူ့ရဲ့ဖူးစာဖက်နဲ့တွေ့သွားတယ်လို့ဆိုပါတယ်

နှားခေါင်းချွန်ချွန် နားရွက်ချွန်ချွန် မျက်လုံးနီနီလေးနဲ့ နတ်သူငယ်လေးကိုမှ ကြွေမိသွားပါတယ်တဲ့

ဘယ်ရီကတော့ ‌သုံးလောကအနှံ့လျောက်သွားရင်း နွေဦးနတ်ဘုရားရဲ့သတင်းကိုဖြန့်ပေးခဲ့တယ်

ကောင်းကင်အရှင်နေရာကိုတော့ ရှန့်ကွမ်းချိုးယြဲ့လက်မခံလို့ ကျုးလစ်ပဲ ေကာင်းကင်အရှင်မအဖြစ် နန်းတက်ရတော့တယ်

သူမနဲ့ပိုင်ချင်း တို့ မင်္ဂလာပွဲကျင်းပရင်း နန်းတက်ပွဲကိုလဲတခါထဲပဲပေါင်းလုပ်လိုက်တယ်

သူမတို့မင်္ဂလာပွဲအပြီးမှာတော့
မိုးကြိုးလျှပ်စီးကုန်းမြေကိုပြန်သွားပြီး မိဘုရားခေါင်ကြီးကိုသွားတွေ့ကြတယ်

အဲ့နောက်တော့ သာမာန်ဇနီးမောင်နှံအသွင်နဲ့ကုန်းမြေငါးခုလုံးကိုလှည့်ပတ်သွားလာနေခဲ့ကြတာပေါ့

လောကကြီးရဲ့စည်းမျဉ်းကပြောင်းလဲသွားပြီ

အခု ကုနး်မြေငါးခုလုံးကို နတ်ဘုရားတွေလဲဝင်ခွင့်ရပြီးတော့ တခြားဘုံကသူတွေဝင်မလာရအောင်တားဆီးပေးတဲ့နတ်ဘုရားတွေက ကုန်းမြေတခုစီကတော်ဝင်မိသားစုတွေမှာတစ်ယောက်စီရှိကြတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now