101.zgi

643 13 0
                                    

Lengends of spring goddness

အပိုင်း(၁၀၁) ‌မြေအောက်ဈေး

"တကယ်ကို ကုန်းမြေသခင်ပဲဟ ဒါဆို အဲ့သခင်လေးပြောတာတွေကအမှန်တွေပေါ့"

ထပြောလိုက်တဲ့သူဟာဘယ်သူမှန်းမသိပေမဲ့လဲ အားလုံးရဲ့စိတ်ထဲမှာလဲ ထပ်တူည်ီတဲ့အတွေးတို့ရှိတယ်

ဘယ်သူကမှပေါ်တင်ကြီးထုတ်မမေးရဲပေမဲ့ အဖြူရောင်ဝတ်ရုံဝတ်သခင်လေးရဲ့စကားကိုအလုံးစုံယုံတာတော့မဟုတ်ဘူး

သူ့ကိုလာပိုးတဲ့မိန်းမငယ်လေးရဲ့ရန်ကိုရှောင်ချင်လို့ပြောလိုက်တယ်ပဲထင်ကြတာလေ

အခုလိုအကောင်လိုက်ကြီးပေါ်လာတဲ့ ဖီးနစ်ကုန်းမြေသခင်ကိုလဲတွေ့လိုက်ရော စောစောကသူ‌တို့‌တွေးခဲ့တာတွေအားလုံးက ဟာသဖြစ်သွားတော့တယ်

"အာ ကုန်းမြေသခင်ရဲ့သူငယ်ချင်းလား ကျွန်မ မသိလို့ပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်နော်"

ထိုမိန်းကလေးမှာ အစထဲက သူမအတွက်အခွင့်အရေးနောက်တခါရလာလိုရလာငြားစောင့်နေတာဖြစ်ပေမဲ့ တကယ်ကြီးပေါက်ချလာတဲ့ဖီးနစ်ကုန်းမြေသခင်ကြောင့် လေအလျင်လိုလစ်ပြေးသွားတော့တယ်

ဘယ်လောက်ပဲသတ္တိရှိရှိ ကုန်းမြေသခင်ရဲ့ပါးစပ်ထဲကအစာကိုတော့လုမယူရဲလေဘူး

ကျုးလစ်ကတော့ အားလုံးကိုဂရုစိုက်ဖို့ပျင်းရိစွာနဲ့ ဆိုင်ကအစောင့်လေးတစ်ယောက်ကိုမေးခွန်းတွေမေးလို့နေတယ်

အစကဝတ်ကြေတန်းကြေဖြေနေတဲ့ဆိုင်စောင့်ကောင်လေးကလဲ အခုတော့ သူမကို ချိုသာစွာဆက်ဆံလာလေရဲ့

တနာရီလောက်ဆိုင်ထဲမှာနေပြီးနောက် သူမတို့အပြင်ပြန်ထွက်လာခဲ့ကာ သူမလိုတဲ့ပစ္စည်းတွေကိုဝယ်ယူစုဆောင်းခဲ့တယ်

အဲ့အတောအတွင်း သူမကိုလာပိုးတဲ့မိန်းကလေးတွေကလဲတော်တော်များသား

ဘေးကမျက်နှာမဲကြီးကြောင့်သာမဟုတ်ရင် သူမတော်တော်ကိုခေါင်းကိုက်နေလောက်ပြီ

"ဖုန့်ဟွမ် ဒီလောက်ကောင်းတဲ့နေရာတခုကို ဒီလိုမျိုးဖြုန်းတီးပစ်ရလား"

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now