စာစဉ်(၁၀)အပိုင်း(၁၀၉)

551 47 0
                                    

Lengends of spring goddness

အပိုင်း(109) ဆေးဂိုဏ်း၏အာ့ကျဲ(နံပါတ်နှစ်မမလေး)

တောင်ပေါ်ကို ထပ်ကြည့်နေတုန်းမှာပဲ နောက်ထပ်အရှိန်အဝါတခုကထပ်ပြန့်လာတယ်

"နတ်ဒေဝါအစောပိုင်းအဆင့်....သန်မာမဲ့ပုံပဲ ကျုးကျူး သူကမင်းရဲ့ပြိုင်ဘက်ဖြစ်နိုင်လား "

"ဒါကတော့ကြည့်ရတာပေါ့"

မျက်စိတဖက်မှိတ်ပြရင်းပြီတီတ္ီမေးလာတဲ့ဖုန့်ဟွမ်ကို ကျူးလစ်ကခပ်တည်တည်ပဲတုန့်ပြန်လိုက်တယ်

အဲ့နောက် သူမတို့နှစ်ယောက်တောင်ပေါ်ဆက်တက်သွားကြတာပေါ့

သူမတို့နီးကပ်လာလေ အရှိန်အဝါကပိုသန်မာလာလေ

သစ်ပင်လဲသံ စွမ်းအင်ပေါက်ကွဲသံတွေကအဆက်မပြတ်ပေါ်ထွက်နေပြီးပတ်ဝန်းကျင်ကဆက်တိုက်ထိခိုက်လို့နေတယ်

သူမတို့သစ်ပင်ပေါ်ကိုခုန်တက်လိုက်ပြီး ကောင်းကောင်းမြင်ရတဲ့မြင်ကွင်းကောင်းကောင်းကိုလိုက်ရှာလိုက်တယ်

နောက်ဆုံးတော့ အဲ့မြင်ကွင်းကိုလဲမြင်ရပြီး သူမတို့ကိုလဲမထိခိုက်နိုင်တဲ့အကွာအဝေးကသစ်ပင်ကြီးတပင်ပေါ်ကိုရောက်သွားကြလေတယ်

သူမတို့မြင်ကွင်းထဲဝင်လာတာကတော့ အမြှီးတဖြန်းဖြန်းနဲ့လိုက်ရိုက်နေတဲ့မိကျောင်းတကောင်ရယ် ကောင်းကင်ပေါ်မှ စွမ်း‌အင်ချီတွေကိုအဆက်မပြတ်ပစ်လွတ်ရင်းတိုက်ခိုက်နေတဲ့မိန်းမချောလေးတစ်ယောက်ရယ်

အဲ့မိန်းကလေးက ခက်ခက်ခဲခဲတိုက်ခိုက်နေတာတောင်မှ အရမ်းလှနေတုန်းပဲ

သူမရဲ့အစိမ်းနုရောင်နဲ့အဖြူစပ်ထားတဲ့ဝတ်ရုံက လေထဲမှာလွင့်မြောနေပြီး သူမကိုပိုလို့ဆွဲဆောင်မူ့ရှိစေတယ်

သနားစရာကောင်းတာက အဲ့မိန်းကလေးဟာ ကောင်းကင်ပေါ်ကနေ အသာစီးတိုက်ခိုက်နိုင်တာတောင်မှ နိုင်ချေမရှိဆိုတာပါပဲ

မိကျောင်းရဲ့ကျောကုန်းနဲ့အမြှီးပေါ်ကဆူးတွေဟာ အခါမလပ် သူမအပေါ်ပစ်လွင့်လို့နေတယ်

"မိကျောင်းသားရဲက လေစွမ်းအားကိုလဲပိုင်ဆိုင်တဲ့ပုံပဲ စွမ်းအားနှစ်မျိုးကိုပိုင်ဆိုင်တဲ့စိတ်ဝိဉာဉ်သားရဲတဲ့လားအရမး်ရှားနေပြီပဲမဟုတ်ဘူးလား"

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now