စာစဉ်(12)အပိုင်း(122)

525 38 1
                                    

Lengends of spring goddness

အပိုင်း  (122) ခွဲခွာခြင်းဆိုသောကာလအပိုင်းအခြားသည်

တဖက်က အေးစက်ခြင်းသည် သူမကိုကြိုလင့်နေလေပြီ

ဒါပေမဲ့လဲ အဲ့ဒီအေးစက်မူ့ကိုခံယူရုံမှတပါး  တခြားလုပ်ဆောင်နိုင်စရာရှာမတွေ့လေဘူး

သလင်းကြေးမုံထဲ အပြည့်ဝင်ရောက်သွားတော့မဲ့ သူမဟာ သလင်း‌ေကြးမံုတဖက်ခြမ်းကလက်ကလေးတဖက်ကသာ နွေးထွေးခြင်းကိုခံစားရလေတယ်

သူမ သလင်းကြေးမုံထဲ အလုံးစုံ ဝင်ရောက်ပျောက်ကွယ်တော့မဲ့အချိန်မှာ ရုတ်တရက် နူးညံ့နွေးထွေးခြင်းကိုခံစားလိုက်ရတယ်

ပြီးတော့ သူမနာမည်ကိုခေါ်တဲ့အသံကိုရောပဲ

"မဖြစ်ဘူး ဟွားဟွား အဲ့လိုမလုပ်ပါနဲ့ ကိုယ့်ကိုမထားခဲ့ပါနဲ့ ကိုယ်လဲအတူလိုက်ပါရစေ "

သူမကိုဆွဲခေါ်နေတယ် သူမကိုတောင်းဆိုနေတယ်

ဒါပေမဲ့ သူမဘက်က တုန့်ပြန်လိုက်ရင် သူမလဲ ဒီထဲမှာ စတေးခံခြင်းကိုပြုလုပ်ဖို့ ငြင်းဆန်မိတော့မယ်ထင်တယ်

လောကကြီးမှာ ကိုယ်ချစ်ရတဲ့သူနဲ့ပဲနေချင်ကြတဲ့သူတွေချည်းပါပဲ

သူမလဲ ချစ်မိတဲ့သူတစ်ယောက်မို့ အဲ့ခံစားချက်ကိုကောင်းကောင်းနားလည်တယ်

သူမ သူ့မျက်နှာကိုမကြည့်ရဲဘူး

စိတ်ပျော့သွားမှာ ဒါမှမဟုတ် မပြတ်သားတော့မှာ အရမ်းစိုးရိမ်မိတယ်

သူမရဲ့ကျန်လက်တဖက်ကို အေးစက်ခြင်းထဲ အဆုံးမရှိနစ်မြုတ်သွားဖို့ သူမရွေးချယ်လိုက်ပြိး တစစ မြုတ်ဝင်စေလိုက်တယ်

တောင်းပန်ပါတယ်

အကြာကြီးမတွေ့ရပေမဲ့လဲ နှလုံးသားထဲအမြဲရှိနေတဲ့ တစ်ယောက်တည်‌းသော နတ်ဘုရားကိုပြန်တွေ့ရဖို့အခွင့်အရေးက ဒီတခါလဲလွဲချော်သွားရပြန်ပြီ

သူမတို့ အကြိမ်ကြိမ်လွဲချော်ခဲ့ကြတယ်

ဒါပေမဲ့ အဲ့တုန်းကတော့ နှလုံးသားထဲမှာ ပြန်တွေ့မယ်ဆိုတဲ့မျော်လင့်ချက်လေးရှိနေတော့ သူမရဲ့နေ့ရက်တွေက သိပ်မခက်ခဲခဲ့ဘူး

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now