စာစဉ်(၁၁)အပိုင်း(၁၁၀)

564 41 1
                                    

Lengends of spring goddness

အပိုင်း(၁၁၀) မိကျောင်းသားရဲနှင့်ညှိနှိုင်းခြင်း

နေဝင်ရီတရောမှာ သူမတို့ဘက်လှည့်လာတဲ့လုလင်လေးရဲ့မျက်ခုံးတို့ဟာ ပိုလှတယ်

အထူးသဖြင့် ဘယ်သူမှမပိုင်ဆိုင်သေးဖူးတဲ့စိမ်းပြာရောင်မျက်ဝန်းများကိုမြင်လိုက်ချိန်မှာပိုလို့ မြတ်နိုးမိကြတယ်

သူမတို့ကြောင်အနေတုန်းမှာပဲ အဲ့ကောင်လေးက သူမတို့နှစ်ယောက်ကိုဂုတ်ကကိုင်ကာဆွဲလွင့်ပစ်လိုက်ပြီး

"ဖုန့်ဟွမ် ! "

သူမတို့မသိတဲ့နာမည်တခုကိုလဲခေါ်လိုက်တယ်

သူမတို့ရဲ့သေးသွယ်တဲ့ကိုယ်နှစ်ခုက လေမှာပျံဝဲနေပြီး အောက်ပြုတ်ကျတော့မဲ့ဆဲဆဲ ထပ်ကယ်တင်ခံလိုက်ရပြန်တယ်

ဒီတခါတော့ တောက်လောင်နေတဲ့မီးလိုအလှရှိ‌တဲ့သခင်လေးတစ်ယောက်ဆီမှာပေါ့

အနီရောင်ဝတ်ရုံ အနီရောင်ဆဲနွယ်တွေနဲ့ကြွေလိုအသားအရေ

သူမတို့သေသွားကြပြီးလို့နတ်သားလေးတွေကိုတွေ့ရတာလားလို့တောင်ထင်နေပြီ

ဒါပေမဲ့လဲ တကိုယ်လုံးကနာကျင်နေတဲ့အခါမှာတော့ အိမ်မက်မဟုတ် မသေသေးဘူးဆိုတာသိလိုက်ရတော့တာပဲ

အနီဝတ်ရုံပိုင်ရှင်ကသူမတို့ကို လျှပ်တပြက်အတွင်းတောင်အောက်ကိုပို့ပေးလိုက်ပြီး ကျေးဇူးတင်စကားမပြောသေးခင်ထဲက ထွက်သွားနှင့်ပြီ

ပျောက်ကွယ်သွားတဲ့ပုံရိပ်လေးနဲ့ကျောက်စိမ်းရောင်သခင်လေးရဲ့ပုံရိပ်တွေပဲစိုးမိုးနေလို့ သူမတို့လာရတဲ့ရည်ရွယ်ချက်ကိုတောင်မေ့သွားခဲ့လေတယ်

အဲ့အချိန်ကျုးလစ်က‌ မိကျောင်းသားရဲကြီးနဲ့တိုက်မဲ့အစား တည့်မတ်စွာရပ်နေပြီး တစ်ယောက်နဲ့တကောင်ဟာ စူးစိုက်ကြည့်နေကြတယ်

ဒီကောင်ကြီးက ‌နတ်ဒေဝါအဆင့်ဖြစ်နေပြီ သူမပြောတာကိုနားမလည်ဘူးဆိုတာမယုံဘူး

"ညှိနှိုင်းကြစို့"

ကျူးလစ်ရုတ်တရက်ပြောလိုက်တာနဲ့ သားရဲကြီးကအံဩသလိုမျက်စိပြူးသွားတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now