စာစဉ်(10)အပိုင်း(105)

594 49 2
                                    

Lengends of spring goddness

အပိုင်း(105) သတ်ပွဲ(2)

မထင်မှတ်ထားတဲ့အလှည့်အပြောင်းနဲ့ကြုံရတော့တယ်

အဲ့ဒါကတော့ ရမ်းကားပြီးအကျိုးအကြောင်းမသင့်တဲ့တခြားကုန်းမြေကလူ‌ေတွကြောင့်ပဲ

သူတို့က လာသမျှလူတွေကိုပြန်နှင်ထုတ်နေပြီး နေလပန်းနဲ့နီးရာဘက်ကိုပေးမသွားဘူး

လူအင်အားကလဲတောင့်ပြီး နတ်ဒေဝါအဆင့်နှစ်ယောက်လဲပါတယ်

အဲ့နတ်ဒေဝါအဆင့်နှစ်ယောက်က သူတို့ရဲ့အရှိန်အဝါကိုထိန်းမထားတာကြောင့် တော်ရုံလူတွေကတော့ပြန်လှည့်သွားကြ‌တာပေါ့

အဲ့လိုလှည့်မသွားရင်တောင် သူတို့အဖွဲ့ကသတ်ပစ်လိုက်တာပဲ

သူတို့အားလုံးရဲ့ရင်ဘတ်မှာ ဆေးမီးဖိုတံဆိပ်ကိုဂုဏ်ယူစွာဝတ်ဆင်ထားကြတယ်

သူမတို့နီးလာတော့ အကုန်လုံးက အဲ့တံဆိပ်ကိုမြင်တာနဲ့ မျက်နှာပျက်သွားကြတယ်

"ဆေးဂိုဏ်းကလူတွေလား ကံဆိုးတာပဲကွာ "

ကျူးလစ်ကနားမလည်ဘူး

"ဖီးနစ်ကုန်းမြေမှာ နန်းတော်နဲ့ထပ်တူအရေးပါပြီး တန်းတူယှဉ်ပြိုင်နိုင်တဲ့အဖွဲ့အစည်းနှစ်ခုရှိတယ် အဲ့ဒါက ဆေးဂိုဏ်းနဲ့ ချော်ရည်ကျင့်ကြံဂိုဏ်းပဲ သူတို့တောင်ရောက်နေရင် ချော်ရည်ကျင့်ကြံဂိုဏ်းလဲရောက်နေမှာအသေအချာပဲ "

"ဪ ........."

ဖုန့်ဟွမ်‌ေပြာတာကိုကျူးလစ်ခေါင်းညိတ်ပြလိုက်တယ်

အမှန်တော့ သူမဒီလိုအဖွဲ့အစည်းတွေရှိနေတာကိုမသိဘူးလေ

သူမ ဖီးနစ်ကုန်းမြေကိုရောက်တာမကြာသေးဘူး

ရောက်လာတော့လဲ ဒုက္ခိတဘဝနဲ့ရောက်လာတာမို့ သိပ်ပြီးအာရုံမစိုက်ခဲ့ရဘူး

နောက်တော့လဲ သူမမျက်လုံးကွယ်ခဲ့ပြီး ပြန်ကောင်းလာတော့လဲ ရေခဲဥထဲပိတ်မိသွားပြန်တယ်

အခုမှ သူမ အေးဆေးနေမယ်ဆိုတော့လဲ အထက်ဘုံကိစ္စကဖြစ်လာပြန်တယ်

ဒီဖီးနစ်ကုန်းမြေမှာ သူမ ဒုက္ခတော်တော်ရောက်ပြီး တော်တော်လဲအလှည့်အပြောင်းများပြားတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now